ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၂ ရွာ တရက်တည်း မီးရှို့ခံရ

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပန်းလှိုင်ရွာနဲ့ မုန်စီရွာက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က တရက်တည်းမှာပဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်မနေ့ကညနေ ၅ နာရီလောက်မှာ အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာချင်းကပ်လျက်ရှိတဲ့ ပန်းလှိုင်ရွာနဲ့ မုန့်စီရွာထဲကို တပြိုင်တည်းဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အခုလက်ရှိတော့ အိမ်ခြေ ဘယ်လောက်ပါသွားတယ်ဆိုတာ မသိရသေးပါဘူး။ အတည်ပြုနေဆဲပါ။ ရှို့တာတွေက ရွာလုံးကျွတ်နီးပါးတွေအထိပါပဲ” လို့ ဆိုပါတယ်။

မီးရှို့ခဲ့ပြီးနောက် အဲဒီစစ်ကြောင်းဟာ ပန်းလှိုင်ရွာထဲမှာ တပ်စွဲနေခဲ့ပြီး ဒီနေ့မနက်မှာလည်း အဲ့ဒီရွာက နေအိမ်တွေကို ဆက်ပြီးမီးရှို့ခဲ့တယ်လို့ ပန်းလှိုင်ရွာ ဒေသခံတဦးက ပြောပါတယ်။

ကျေးရွာ ၂ ရွာပေါင်းမှ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး အဲ့ဒီရွာတွေကို အခုလို မီးရှို့ခံရတာဟာ ပထမအကြိမ် ဖြစ်တယ်လို့လည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“စခတွေက ရွာထဲကနေ ပြန်ထွက်သွားပေမယ့် ရွာသားတွေကို ရွာထဲမဝင်ခိုင်းသေးဘူး။ စခတွေ ထွက်သွားတဲ့ ရွာနဲ့ ပန်းလှိုင်ရွာက နီးနီးလေးပဲမို့ နောက်ကြောင်းပြန်လှည့်လာတော့ ပိုပြီးအန္တရာယ်ရှိတယ်လေ” လို့ ဆိုပါတယ်။

ဒေသခံရွာသားတွေကတော့ မနေ့ညကတည်းက ရွာကနေ ထွက်ပြေးတိမ်ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်အုပ်စုဟာ ပန်းလှိုင်ရွာကို မီးရှို့ပြီးချိန်မှာလည်း အနီးကျေးရွာဖြစ်တဲ့ ရေတော်မူရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ကာ အယောင်ပြထွက်ပြီးတဲ့နောက် ဇီးဖြူကုန်းရွာကို မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

ခုလို မီးရှို့လို့ နေအိမ်ဘယ်လောက်ပျက်စီးဆုံးရှုံးခဲ့လည်း ဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။