myaelatt athan

Sharing Information to the Local

ဘန့်ဘွေးရွာက ပျူစောထီးတွေက စစ်တပ်နဲ့ပေါင်းပြီး ကိုယ့်ရွာသားအိမ်တွေကို မီးပြန်ရှို့

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ တောတိုက်တွေထဲက နေအိမ် ၈ လုံးကို ဖေဖေါ်ဝါရီလ ၁၅ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဘန့်ဘွေးရွာခံ ပျူစောထီးအပါအဝင် အင်အား ၁၅ ဦးလောက်က အကြောင်းမဲ့ မီးရှို့ခဲ့ကြတာလို့ ဘန့်ဘွေးရွာသားတဦးက ပြောပါတယ်။

“ဘန့်ဘွေးရွာ တောင်ဘက်တောတိုက်ထဲက နေအိမ် ၈ လုံးကို အကြောင်းမဲ့ မီးရှို့ခဲ့ကြတာပါ။ ရွာသားတွေကို ပစ်ခတ်ဖမ်းဆီးတာမျိုးတော့ မရှိဘူး။ လွန်ခဲ့တဲ့ ၅ လလောက်က အဲဒီတောတိုက်ထဲက နေအိမ် ၃ လုံးကို မီးရှို့သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးရွာမှာ လွန်ခဲ့တဲ့တနှစ်လောက်ကတည်းက အင်အား ၇၀ လောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး ဘန့်ဘွေးရွာခံအိမ်ထောင်စု ၁၀ စုလောက်နဲ့ပေါင်းကာ နေအိမ်တွေကို မီးရှို့တာ၊ ခရီးသွားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးနေတာတွေ လုပ်နေတာလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ကလည်း ဘန့်ဘွေးရွာက စစ်သားနဲ့ပျူတွေဟာ စစ်ရှောင်နေတဲ့ ဘန့်ဘွေးရွာသား အသက်၂၅ နှစ်အရွယ် ကိုခင်မောင်ဌေးနဲ့ တူဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နိုင်လင်းအောင်တို့ ၂ ဦးကို ဘန့်ဘွေးရွာကို ရှောင်ကွင်းဖောက်ထားတဲ့လမ်းမှာ ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ထိတိုင် မိသားစုနဲ့ အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ ဘန့်ဘွေးရွာအတွင်း အိမ်ထောင်စု ၁၀ စုခန့်သာ စစ်ကောင်စီနဲ့ ပေါင်းကာကျန်ရစ်ခဲ့ပြီး ကျန်အိမ်ထောင်စုလူဦးရေ ၁၅၀၀ လောက်ကတော့ လွန်ခဲ့တဲ့ တနှစ်ခွဲခန့်ကတည်းက တောတိုက်တွေထဲမှာ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။