myaelatt athan

Sharing Information to the Local

ဒေသခံတွေကူးသန်းနေတဲ့ သံခွန်ဆိပ်ကမ်းဗုံးကြဲခံရပြီး ၂ ဦးသေဆုံး

ဝက်လက်၊ ဇူလိုင် ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာ၊ သံခွန်ဆိပ်ကမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင် ၁၁ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြစ်ကြောင်းကိုဖြတ်ဖို့ ပြည်သူတွေသွားလာနေတဲ့ အဆုံကြတာပေါ့၊ ဘယ်နေရာကမှလည်း သွားလာဖြတ်သမ်းခွင့်မရှိတော့ ဒီနေရာကနေ ပြည်သူတွေ၊ ကားတွေသွားနေရတဲ့နေရာတခုပါ၊ လူစုံတဲ့အချိန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လာပြီးဗုံးကြဲပစ်ခတ်သွားတာ၊” လို့ ဝက်လက်မြို့ခံတဦးက ပြောပါတယ်။

အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး သူတို့က ဘယ်ဒေသကဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒ့ါအပြင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဂျက်ဖိုက်တာပေါ်ကနေပါ စက်လက်တွေနဲ့ပါပစ်ခတ်ခဲ့ကာ နောက်ထပ် ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့ပြီး သူတို့ကိုတော့ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

အခုဗုံးကြဲခံရတဲ့ ရေလှည်မော်ကျေးရွာသံခွန်ဆိပ်ကတဆင့် ဒေသခံတွေပြည်သူတွေဟ မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်၊ မူဆယ်၊ လားရှိုးတို့ကိုကူးသန်းသွားလာတာတွေလုပ်လေ့ရှိတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

အလားတူ ဒီမနက် ၁ နာရီကျော်လောက်မှာလည်း စစ်ရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃၀ နီးပါးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။