ပျူခေါင်းဆောင်နဲ့ သမက်တို့ကို သွားရောက်ပစ်ခတ်ချိန် ထွက်ပြေးလွတ်မြောက်

0 3
0 3

ပဲခူး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ပိုင်း၊ သာသာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာမှာ နေထိုင်တဲ့ ပျူခေါင်းဆောင်ဖြစ်သူနဲ့သမက်ဖြစ်သူတို့ကို သွားရောက်ပစ်ခတ်ခဲ့ပေမဲ့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနေ့က ည ၈ နာရီခွဲချိန်မှာ GBK PDF ပူးပေါင်းတပ်ဖွဲ့က အဖွဲ့ခွဲပြီး သွားရောက်ပစ်ခတ်ချိန်မှာ ခွေးဟောင်သံကြောင့် ပျုခေါင်းဆောင် ဦးဝင်းထွန်း၊ သားမက်ဖြစ်သူ မျိုးမင်းထွန်းနဲ့ အပေါင်းအပါတချို့ဟာ ထွက်ပြေးလွတ်‌မြောက်သွားတယ်လို့ Black dragon (GBK PDF) တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“အဓိကဝင်စီးတာက ဝင်းထွန်းနဲ့ မျိုးမင်းထွန်း အိမ်ကိုပါ။ အဖွဲ့ခွဲပြီး ဝင်ကြတာပါ။ သူတို့က အဖွဲ့ဖွဲ့ပြီး ဆည်ဘောင်နဲ့ဗျူဟာလမ်းတွေ ကင်းပတ်တယ်။ အင်အားက ၂၀ ကျော်တယ်။ ကျနော်တို့အဖွဲ့ ဝင်သွားတော့ ခွေးဟောင်သံကြားပြီး ထွက်ပြေးပါတယ်။ ကျနော်တို့ လိုက်ပစ်ခတ်ပေမယ့် ထိခိုက်သတင်း သေချာမရသေးပါဘူး” လို့ ဆိုပါတယ်။

သူတို့ထွက်ပြေးသွားချိန် အိမ်မှာကျန်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို Black dragon ပူးပေါင်းတပ်ဖွဲ့က ရိုက်နက်မှု တစုံတရာ မလုပ်ပဲ ပျူခေါင်းဆောင်း ဦးဝင်းထွန်းကို စစ်ကောင်စီ သတင်းပေးခြင်း မလုပ်ဖို့ ၊ ရွာသားများကို ဖိနှိပ်ခြင်းမလုပ်ဖို့ နဲ့ ပျူစောထီးအဖွဲ့က နုတ်ထွက်ပေးဖို့ကို မှာကြားခဲ့တယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“သူတို့ကြောင့် ဖမ်းခံရတာ နှိပ်စက်ခံရတဲ့ ပြည်သူတွေ ရှိပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစုတွေကို ထိခိုက်စေတာမျိုး မလုပ်ခဲ့ပါဖူး။ တခုပဲ မှာခဲ့တယ်။ သူတို့ရဲ့ မိမိခင်ပွန်းဖြစ်စေ သားဖြစ်စေ ပျူအဖွဲ့မှာ ရှိနေရင် နုတ်ထွက်ဖို့နဲ့ ပျူစာရင်းနဲ့တိုင်ထားတယ်။ ပြည်သူကို ဒုက္ခပေးတာမျိုး မလုပ်ဘဲ အေးဆေးနေဖို့ သတိပေးတာမျိုး လုပ်ခဲ့တယ်” လို့ ဆိုပါတယ်။

ပျုစောထီးခေါင်းဆောင် ဝင်းထွန်းနဲ့အဖွဲ့ဟာ နေ့စဥ်သေနတ်ဖောက်ပြီး ရွာမှာ သူတို့နဲ့မသင့်မြတ်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်သလို စစ်ကောင်စီကို သတင်းပေးပြီး ထင်ရာစိုင်းနေတယ်လို့ ပြည်သူတွေက တိုင်ကြားလာလို့ Black dragon (GBK PDF) အဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သွားရောက်ပစ်ခတ်မှုကို Black dragon(GBK PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ရိုးမနဂါးတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

Black Dragon (GBK PDF) တပ်ဖွဲ့ဟာ အခု (page အသစ် အနေနဲ့) ပျူစောထီး တပ်ဖွဲ့တွေကို သွားရောက်ပစ်ခတ်တာဟာ ပထမအကြိမ် ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။