myaelatt athan

Sharing Information to the Local

စစ်အုပ်ချုပ်ရေး ကြောညာထားတဲ့မြို့က အုပ်ကြီးတဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

0 3
0 3

ပဲခူး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်အပြီး ၈ ရက်အကြာ ဖေဖေါ်ဝါရီလ ၁၀ ရက် ဒီနေ့နေ့လယ် ၁၂ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးတဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တယ်လို့ Paungde People Defence Force ဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ် သပြေကြီးအုပ်စုက အသက် ၅၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ကိုတင်မော်ဝင်းဆိုသူကို ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း ၁၊ တပ်ခွဲ ၅ နွေဦးအဖွဲ့က သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ PPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ပထမသပြေကြီးစု အုပ်ချုပ်ရေးမှူးက ကျနော်တို့ ရှင်းလင်းပြီးလို့ သူကဒုတိယမြောက်တက်လာတဲ့သူ၊ ဆိုင်ကယ်နဲ့တယောက်တည်းရယ်။ သူနေတဲ့ ဇီးကုန်းလေးရွာကို ပြန်တာမှာ သပြေကြီးစုရွာနဲ့ ဇီးကုန်းလေးရွာကို လယ်ပြင်လမ်းဖောက်ထားတဲ့လမ်းမှာ ပစ်ခတ်ခဲ့တာပါ။ ကျောကို ၂ ချက် ဆိုင်ကယ်လဲကျတော့ နားထင်ကို တချက် ပစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

လက်ရှိသေဆုံးခဲ့တဲ့ ကိုတင်မော်ဝင်း မတိုင်ခင် သပြေကြီးစု ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် ကိုမြဟန် ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၈ ရက်က လယ်ကွင်းပြင်မှာပဲ သေနတ်နဲ့ ရှင်းလင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုတင်မော်ဝင်းဟာ ပျူစောထီးအဖွဲ့ဝင် ဖြစ်သလို လူဦးရေစာရင်းကောက်တာ လောင်းကစားဝိုင်းတွေကို လစဉ်ကြေး၊ လိုင်းကြေးကောက်တာတွေ ပြုလုပ်ပြီး ပြည်သူကို စိတ်ဒုက္ခပေးသူ ဖြစ်တယ်လို့ PPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးမှူး ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခံရသူတွေလည်း ရှိခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်က ရှင်းလင်းခံရတဲ့ ကြို့ပင်သာ အုပ်ချုပ်ရေးမှူးနေရာမှာလည်း အုပ်ချုပ်ရေးမှူး မရှိသလို နယ်မြေထိစပ်နေတဲ့ မဲခေါင်းအုပ်စုမှာလည်း အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။