လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲလို့ ကလေး ၂ ဦး သေဆုံး

0 2
0 2

ချောက်၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်မှာ လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကလေးတွေဟာ ဖေဖော်ဝါရီလ ၈ ရက်မနေ့ညနေ ၃ နာရီဝန်းကျင်မှာ ဘောလုံးကွင်းနဲ့ရေနံလျှပ်စစ်ရုံးထောင့်နားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။

“ကလေးတွေကတော့ လမ်းဘေးတွေ့တဲ့အထုပ်ကို ဘာအထုပ်မှန်းမသိ စပ်စုချင်တဲ့သဘောနဲ့ ကောက်ဖွင့်လိုက်တာလို့တော့ သိရတယ်။ အထုပ်ကလည်း ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတာဆိုတော့။ ကလေးတွေက ရပ်ကွက်ထဲအမှိုက်လိုက်ကောက်နေတဲ့ ကလေးတွေတော့ မဟုတ်ဘူး။ ဒီအတိုင်း သူလိုငါလိုနေတဲ့ ကလေးတွေပါ”လို့ ပြောပါတယ်။

လမ်းဘေးထားထားတဲ့ အထုပ်ကနေပေါက်ကွဲမှုဖြစ်လို့ ရွာဟောင်းကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မောင်မိုးယံကိုနဲ့ မောင်ဝင်းနိုင်မင်းဆိုသူ ၂ ဦးဟာ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းထုပ်ကို ဘယ်အဖွဲ့ကဘာကြောင့်ထားခဲ့တယ်လိုတာ ထုတ်ပြန်ထားတာမရှိသေးသလို သေဆုံးသွားတဲ့ ကလေး ၂ ဦးကိုတော့ ဒေသခံတွေရဲ့အကူအညီနဲ့ နေ့ချင်းပြီးနာရေးကိစ္စကို ဆောင်ရွက်လိုက်ရတယ်လို့ဆိုပါတယ်။

၂၀၂ ခုနှစ် ဩဂုတ်လ ၁၁ ရက် ညနေပိုင်းကလည်း ချောက်မြို့၊ အမှတ် ၁၂ ရပ်ကွက်က ဌာနဆိုင်ရာနဲ့ဝန်ထမ်းအများစု လာရောက်စားသောက်လေ့ရှိတဲ့ ဦးချစ်ထမင်းဆိုင်မှာ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့သေးပြီး လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။