လက်ပံတန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၅ ဦးသေ

0 13
0 13

လက်ပံတန်း၊ ဇွန် ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာထဲက ပြည်သူနေအိမ်တွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ဘက်က ဇွန် ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက်နေ့မနက် ၃ နာရီ ၅၀ မိနစ် အချိန်ခန့်မှာ အင်အား ၃၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီနဲ့မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲက အိမ်တွေမှာ ၃ နေရာခွဲပြီးရှိနေတာကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခ ဘက်က သေဆုံးမှုက မြေပြင် ထောက်ပို့ ပြည်သူတွေဆီက အတိအကျ သိရတာပါဗျ။ လက်နက်ကောက်ဖို့က စစ်‌ကူတွေလာတာကြောင့် မရရှိခဲ့ပါဘူးဗျ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေများတာကြောင့် လက်နက်ကြီးပစ်ကူ၊ စစ်ကူအင်အား ၆၀ ကျော်ထပ်မံရောက်ရှိလာလို့ ပြန်ဆုတ်လာရတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့) ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကူရောက်လာတဲ့ စစ်ကြောင်းဟာ ဇွန် ၂၁ ရက်နေ့အထိ ကျေးရွာထဲမှာပင်ဆက်လက်ရှိနေသေးပေမယ့် တိုက်ပွဲထပ်ဖြစ်တာတော့မရှိသေးပါဘူး။

ရေငံရွာထဲ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လောက်က ကျေးရွာထဲရောက်လာပြီး တပ်စွဲနေထိုင်နေတဲ့ အဖွဲ့ဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျေးရွာထဲနေထိုင်နေတာကြောင့် အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပြီး ဇွန် ၂၁ ရက်အထိ နေရပ်ပြန်ရတာမရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။