myaelatt athan

Sharing Information to the Local

မိုင်း ၂ ကြိမ်ဆွဲခံရလို့ စစ်တပ်အရာရှိ ၁ ဦးအပါ ၅ ဦးထိခိုက်

ရွှေဘို၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္မဏီကိုလာတဲ့ စစ်ကောင်စီအရာရှိကားကို ဒေသခံကာကွယ်ရေးတပ်တွေက ယမားတံတားပေါ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့လယ်ပိုင်းက မိုင်းဆွဲခဲ့ပြီး ဒဏ်ရာရသူတွေလာသယ်တဲ့ကားကိုပါ မိုင်းထပ်ဆွဲခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁၁ နာရီ နဲ့ ၁၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိ ၁ ဦးအပါ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Regional Friend Fighters − RFF တာဝန်ခံက ပြောပါတယ်။

“နေ့လယ် ၁၁ နာရီမှာက ရှေ့ထွက်ပြောင်းတွေနဲ့ချလိုက်တဲ့အပြင် မိုင်းလည်းဆွဲလိုက်တယ်၊ ထိခိုက်ဒဏ်ရာရပြီး ကားလည်းမီးစွဲတယ်၊ ထိခိုက်တဲ့သူတွေကို ပြန်သယ်အပို့မှာလည်း ယမားတံတားပေါ်မှာ ထပ်ပြီး ပတ်လည်မိုင်းနဲ့ ထပ်ခွဲလိုက်တယ်၊ အဲဒါကတော့ ၁၂ နာရီလောက်မှာမိုင်းခွဲလိုက်တာ၊ မိုင်း ၂ ကြိမ်ဆွဲခဲ့တာပါ၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပြီး ၁ ဦးက သေနိုင်တယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Regional Friend Fighters – RFF နဲ့ ညီနောင်မဟာမိတ် Revolution Youth Group – RYG တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ တပ်ကထွက်လာတာဖြစ်ပြီး ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် ကန်ဒါကား ၁ စီး နဲ့ အံစာတုံးကား ၃ စီးလည်း ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်ကလည်း စစ်ကောင်စီတပ်တွေမီးရှို့သွားတဲ့ ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာက မီးလောင်ပြင်ကို Regional Friend Fighters − RFF အဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။