myaelatt athan

Sharing Information to the Local

နတ်တလင်းမှာ PDF ၄ဖွဲ့ ပေါင်းတိုက်လို့ စစ်သား ၄ ဦးသေပြီး ၆ ဦးဒဏ်ရာရ

ပဲခူး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲက တောင်ညိုဆည်အထက်ကို စက်လှေတစင်းနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံPDFတွေက ဇန်နဝါရီလ ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေကာ ၆ဦးဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

တောင်ညိုဆည်အထက် ဘိုကြီးစခန်းရွာကို အင်အားဖြည့်ဖို့လာတဲ့ စစ်သားအင်အား ၁၅ ဦးလောက်ကို နေ့လယ် ၂ နာရီ ခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဘိုကြီးစခန်းရွာမှာက စစ်သားအင်အား ၄၀ လောက်တပ်စွဲထားတာ အင်အားဖြည့်ဖို့ လာတဲ့သဘော။ ကျနော်တို့က ဘိုကြီးစခန်းမရောက်ခင်မှာ ဆည်လမ်းကြောင်းထဲမှာဝိုင်းပစ်တာ။ စက်လှေက ရှေ့ဆက်မတိုးတော့ပဲ လာရာလမ်းအတိုင်းပြန်လှည့်သွားတယ်” လို့ Phoenix DFက တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိသွားသလို စက်လှေမောင်းသူနဲ့ စက်လှေပေါ်ပါ အရပ်သားတဦးတို့လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲ့တပ်ခွဲ၁ Zigon PDF၊ တပ်ခွဲ၂ Phoenix DF(Nattalin PDF)၊ တပ်ခွဲ ၃ နတ်စစ်သည်နဲ့ တပ်ခွဲ ၄ က MRF- Nattalinတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်ကလည်း တောင်ညိုဆည်အထက် ကြက်မနက်ရွာကနေ ညောင်လေးပင်ဘက်ကို စစ်သားအင်အား ၅၀ လောက်နဲ့ ဦးတည်လာနေချိန် Phoenix DFအပါပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်လို့ စစ်သား ၄ ဦးနဲ့အထက်သေဆုံးခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။