myaelatt athan

Sharing Information to the Local

မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

0 4
0 4

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကား ၁ စီးကို ဇန်နဝါရီလ ၂၅ ရက် မနေ့ညနေပိုင်းက မြင်းမူမြို့နယ်၊ နတ်ခရိုင်ရွာနဲ့လယ်ကြီးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၄၀ ဝန်းကျင်ရှိတဲ့ အဆိုပါစစ်ကောင်စီတပ်တွေကို မနေ့ကညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ – မြင်းခြံခရိုင်အဖွဲ့မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

“မနေ့ကနေ့ခင်းပိုင်းမှာ စစ်ကိုင်းတပ်မ ၃၃ ကထွက်လာပြီး မိုင်းရှင်းတဲ့စစ်သားတွေက ညောင်ပင်ဝန်းစခန်းထဲကို ခဏဝင်ပါတယ်။ အဲဒီစခန်းကအပြန်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေဖော်ယူသွားတယ်၊ မိုင်းရှင်းတဲ့စစ်သားတွေ ညောင်ပင်ဝန်းစခန်းကနေ ကား ၁ စီးနဲ့ ပြန်အဆုတ်မှာ လက်ကျန်မိုင်း ၅ လုံးနဲ့ နတ်ခရိုင်နဲ့ လယ်ကြီးအကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်” လို့ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ကာ အလောင်းတွေကို နာရေးကားနဲ့ပြန်တင်သွားရတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ သရဲနီ၊ စွန်ရဲနဲ့ THREE D တို့အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲပြီးဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စုစခန်းကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။