ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ခင်ဦးမှာ ကျွန်းပင် ၈၀၀ စိုက်ပျိုး

0 12
0 12

မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့် မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် ၈၀၀ ကို စိုက်ပျိုးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကထုတ်ပြန်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာ ခင်ဦးမြို့နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှု ဥက္ကဌရဲ့ စီစဥ်ဆောင်ရွက်မှုနဲ့စိုက်ပျိုးခဲ့ကြတာလို့ ဆိုပါတယ်။

ကျွန်းပင်တွေ စိုက်ပျိုးနေချိန်မှာ “Happy Birthdayပါ အမေစု၊ အမေစု ကျန်းမာပါစေ၊ အမေစု အသက်ရာကျော် ရှည်ပါစေ၊ အမေစု မတရားဖမ်းဆီးအချုပ်အနှောင်ဘေးမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊ အမေစုနဲ့အတူ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ”လို့ ဆုတောင်းမေတ္တာတွေပို့သခဲ့ကြတယ်လို့ သိရပါတယ်။

ကျွန်းပင်စိုက်ပျိုးတာကို မြို့နယ်ပအဖ နာယက၊ မြို့နယ်ပအဖ ဒုတာဝန်ခံ၊ ရွှေဘိုခရိုင်တပ်ရင်း(၃) မှ တပ်ရင်းမှူး၊ မြို့နယ်ပကဖ ဒုတာဝန်ခံ၊ လူသားစာနာ တာဝန်ခံအပါအဝင် တော်လှန်ရေးအဖွဲ့စုံက တာဝန်ရှိသူ၊ တပ်ဖွဲ့ဝင်တွေပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။