myaelatt athan

Sharing Information to the Local

ရွှေဘိုက ပျူစောထီးကင်းစခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

0
0

စစ်ကိုင်း၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဲကြီးရွာမှာရှိတဲ့ ပျူစောထီးကင်းစခန်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်စီးခဲ့တာကြောင့် ပျူစောထီးနဲ့စစ်သားတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်မနေ့ကမနက် ၄ နာရီခွဲမှာ စစ်ကောင်စီတပ်သား ၈ ဦးနဲ့ပျူစောထီး ၄၀ ဝန်းကျင်ရှိတဲ့စခန်းကို အလစ်ဝင်တိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ဘက်က ကင်း ၄ ကင်းလုံးစီးနိုင်ခဲ့တယ်၊ ကင်းတဲတွေကို မီးရှို့ပြီးတော့ သူတို့ဘက်က စစ်ကူချက်ချင်းရောက်လာတယ်၊ ရွာလယ်မှာ အထိုင်ချထားတဲ့စခန်းထိ ဝင်စီးနိုင်ပေမယ့် ရဲဘော်တွေထိထားလို့ နောက်ပြန်ဆုတ်ခဲ့တယ်”လို့ Dynamite Empireအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၁ ဦးနဲ့ ပျူစောထီး ၄ ဦးသေဆုံးခဲ့ပြီး၊ မဟာမိတ်ရဲဘော်တွေဘက်ကလည်း ရဲဘော် ၃ ဦးလက်နက်ငယ်ထိမှန်ဒဏ်ရာရခဲ့ကာ တဦးကတော့ဗိုက်ကို G3 ထိမှန်ခဲ့ပြီး အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ဖောကား ၃စီးနဲ့ အင်အားထပ်တိုးဖြည့်ထားပြီး ဒီကနေ့မနက်ထိ လက်နက်ကြီးသံတွေကြားနေရကာ တိုက်ပွဲဆက်ဖြစ်နိုင်ခြေရှိလို့ စောင့်ကြည့်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Dynamite Empire၊ မိုးကြိုးမုန်တိုင်း၊ Fighter One၊ MPF U-18နဲ့ ဒေသခံကာကွယ်‌ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ညနေ ၅နာရီလောက်ကလည်း ကန့်ဘလူခရိုင်ထဲက ယောရွာကို ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။