myaelatt athan

Sharing Information to the Local

ဒီပဲယင်းမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတဦး ၆ ရက်အကြာမှာ သေဆုံး

0
0

စစ်ကိုင်း၊ ဇန်နဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းနားကျေးရွာမှာ စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်ခံရကာ ပြန်လွတ်လာတဲ့ ပြည်သူတဦးဟာ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဆုံးပါးသွားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ ဆီက သိရပါတယ်။

ချောင်းနားကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့က ခမရ-၃၆‌၄နဲ့ ခလရ-၇၀၁ တပ်ရင်းပူးပေါင်းစစ်ကြောင်းဝင်ကာ နေအိမ်တွေကို မီးရှို့ဖျက်စီးပြီးနောက် ဦးသိန်းထွန်းနဲ့ ဦးမြင့်ဆွေတို့ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ လို့ဆိုပါတယ်။

၁၁ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ဦးသိန်းထွန်းဟာ ဖမ်းဆီးထားစဉ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆုံးပါးသွားခဲ့တယ်ဖြစ်ပါတယ်။

“သူက ပြန်ရောက်လာချိန်ထဲက စကားတောင်ကောင်းကောင်းပြောနိုင်တော့တဲ့ အခြေအနေမျိုးမဟုတ်ဘူး၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရှိတယ်၊ ခေါင်းတွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတွေရှိတယ် အဲ့ဒဏ်ရာတွေနဲ့ပဲဆုံးသွားတယ်။” လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တဦးကတော့ ပြန်လည်လွတ်မြောက်လာပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ချောင်းနားရွာက အိမ်ခြေ ၁၄ လုံးကိုမီးရှို့ကာ ရေဦးနယ်ဘက်ကိုထွက်ခွာသွားပြီး၊ ရေဦးနယ် ချမ်းသာရွာက နှစ် ၁၀၀ ကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းကိုမီးရှို့ဖျက်စီးပြီး ရေဦးမြို့စခန်းထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဒီပဲယင်းဟာ တနိုင်ငံလုံးမှာ မီးရှို့ဖျက်စီးခံရတဲ့ အရေတွက် အများဆုံးမြို့နယ်တခုဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ လက်ရှိအချိန်ထိ ရွာပေါင်း ၄၀ ဝန်းကျင်နဲ့ နေအိမ်အလုံးပေါင်း ၄၈၂၄ လုံး မီးရှို့ဖျက်ဆီးခံထားရတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။