မကွေးတိုင်းအတွင်းက NUG လက်အောက်ခံ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကျွေးရွာတရွာမှာ ဖွင့်လှစ်ထားတဲ့ NUG လက်အောက်ခံ စာသင်ကျောင်းမှာ စနစ်သစ်ပုံနှိပ်စာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာလို သိရပါတယ်။

KG တန်းမှစနစ်သစ် Grade-9 အထိ ကျောင်းသားကျောင်းသူ ၁၆၄ ဦးကို CDM ဆရာဆရာမ ၇ ဦး စေတနာ့ဝန်ထမ်း ၄ ဦးနဲ့ သင်ကြားပေးနေတာလို့ သိရပါတယ်။

“အခုက ဒီဇင်ဘာလ ၂၇ ကစပြီး ကျောင်းအပ်လက်ခံပါတယ်။ အလယ်တန်းအဆင့်ထိပါ ကျောင်းသားသူဦးရေ KG တန်းကနေ ၉ တန်းအထိ ကျောင်းသားသူ ၁၇၀ ရှိပါတယ်။ သင်ထောက်ကူပစ္စည်းလေးတွေနဲ့ စနစ်သစ်ဖတ်စာအုပ်တွေ ဆရာဆရာမတွေအတွက် သင်ရိုးသစ်လမ်းညွှန်တွေ လိုအပ်ပါတယ်” လို့ စေတနာ့ဝန်ထမ်း သင်ကြားပေးနေသူတဦးက ပြောပါတယ်။

အဲဒီကျောင်းမှာ KGတန်း ၂၄ ဦး၊ ပထမတန်း ၃၆ ဦး၊ ဒုတိယတန်း ၁၃ ဦး၊ တတိယတန်း ၁၆ ဦး၊ စတုတ္ထတန်း ၁၄ ဦး၊ ပဉ္စမတန်း ၁၅ ဦး၊ ဆဌမတန်း ၁၇ ဦး၊သတ္တမတန်း ၁၇ ဦးနဲ့အဌမတန်း ၁၂ ဦး စုစုပေါင်း ယောကျ်ားလေး ၇၄ ဦးနဲ့ မိန်းကလေး ၉၀ ဦး ပညာသင်ကြားနေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။