myaelatt athan

Sharing Information to the Local

မန္တလေးကျုံးထဲ အမည်မသိအမျိုးသား ၁ ဦး သေဆုံးနေပြီး ပိုင်ရှင်မပေါ်သေး

မန္တလေး၊ ဇွန် ၁၀၊ ၂၀၂၅။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၂ ×၇၃ လမ်းကြားအနီးကျုံးအတွင်း အမျိုးသား ၁ ဦး သေဆုံးနေပြီး အလောင်းပိုင်ရှင်မပေါ်သေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဇွန် ၉ ရက် ယမန်နေ့မနက် ၇ နာရီခန့်မှာ ကျုံးအတွင်း အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသား အလောင်း ၁ လောင်းပေါ်နေကြောင်း တွေ့ရှိသူတွေက အကြောင်းကြားတာကြောင့် သွားရောက်ဆယ်ယူခဲ့ပြီး သေဆုံးသူနဲ့ပတ်သက်တဲ့အချက်အလက်တွေမသိရဘူးလို့ ဆိုပါတယ်။

” ဒဏ်ရာဒဏ်ချက်ဘာညာတော့မရှိဘူး။ ရေနစ်သေဆုံးတဲ့ပုံစံပါဘဲ။ မနက်လမ်းလျှောက်တဲ့သူတွေက အလောင်းကိုတွေ့ကြတာ။ ညကတည်းက ပြုတ်ကျပြီးသေတာဖြစ်လောက်တယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးအမျိုးသားရုပ်အလောင်းကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး၎င်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မသိရသေးသလို ဇွန် ၁၀ ရက် ဒီကနေ့မနက်ပိုင်းထိ အလောင်းပိုင်ရှင်မပေါ်သေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၄×၇၅လမ်းကြားရှိ ကျုံးထဲကို အမျိုးသမီးတဦးခုန်ချခဲ့ရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။