myaelatt athan

Sharing Information to the Local

စစ်ကောင်စီကကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးသီးကြဲချလို့ ၄ နှစ်အရွယ်ကလေးတဦး သေဆုံး

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာထဲကို စစ်ကောင်စီက ဒရုန်းနဲ့ အီနာဂါတွေကြဲချခဲ့လို့ လူနေအိမ်တချို့ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲမှာရှိတဲ့သူတွေ ထိမှန်ခဲ့သလို ကလေးတဦးလည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်ဒီကနေ့မနက် ၁၀ နာရီက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ကိုင်းကျေးရွာကနေ ‌မြစ်အနောက်ဖက်ကမ်းက ညောင်ကားယားရွာထဲကို ၆၀ မမ ၃လုံးတွဲ ၂ခါကြဲခဲ့တာဖြစ်ပြီး တလုံးကတော့ နေအိမ်ထဲမှာရှိနေတဲ့ မြေးအဖွား၂ယောက်ရှေ့ကို ကျကာပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ကလေးကတော့ နောက်စေ့နဲ့ခေါင်းတွေမှန်တာ၊ အဖွားကလည်း တော်တော်လေးတော့ ကုရမယ့်အနေထားမှာရှိတယ်၊ တချို့ကကျောတွေ၊ ပေါင်တွေ၊ ရင်ဘတ်တွေ နံပိုင်းတွေ အစမှန်ဒဏ်ရာရတယ်၊ အီနာဂါက ခဏခဏလာလာချတယ်၊ နဂါးပေါက်ရွာကိုချတာတောင်မှ ၃ကြိမ်ရှိသွားပြီ။” လို့ CDSOM အဖွဲ့တာဝန်ခံကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့ပြီး၊ ၁၆ နှစ်အရွယ် လူငယ်တဦးနဲ့ အမျိုးသမီး ၅ဦးထိမှန်ခဲ့ကာ၊ အသက် ၆၀အရွယ် အဖွားနဲ့ ၁၆နှစ်ရွယ်လူငယ်တဦးက ဒဏ်ရာတွေများတဲ့အတွက် စောင့်ကြည့်ကုသပေးရမယ့် အခြေနေမှာရှိတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကရွာတိုင်းနီးပါးမှာ စစ်တပ်အထိုင်စခန်းတွေရှိပြီး အဆိုပါစခန်းတွေကနေ ကျေးရွာပြည်သူတွေဆီကို မကြာခဏဆိုသလို အီနာဂါဗုံးသီးတွေ လာကြဲလေ့ရှိကာ ပထမအကြိမ်တွေတုန်းက အနည်းငယ်ထိခိုက်တာမျိုးရှိပေမယ့် ခုတကြိမ်ကတော့ လူသေတဲ့ထိ အဆိုးရွားဆုံးဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။