စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးမှု ကမ်းလှမ်းခဲ့သော်လည်း AAအနေဖြင့် မဆွေးနွေးခဲ့ဟုဆို

0 2
0 2

မြေလတ်အသံ၊ သြဂုတ် ၁၁၊ ၂၀၂၂။

စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော်(AA)ကို ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန်အတွက် ပြီးခဲ့သည့်ဇွန်လက ကြားခံပုဂ္ဂိုလ်များမှတဆင့် ကမ်းလှမ်းခဲ့သော်လည်း ဆွေးနွေးမှုမပြုလုပ်ခဲ့ကြောင်း ယနေ့ဩဂုတ် ၁၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AAကပြောသည်။

လက်ရှိ မြေပြင်၌လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ထိပ်တိုက် တိုက်ခိုက်မှုများရှိနေသလို စခန်းများကိုအပြန် အလှန် ပိတ်ဆို့ထားမှုများရှိနေသည့်အတွက် လက်ရှိအချိန်ထိ မည့်သည့် ဆွေးနွေးမှုမျိုးမှမရှိသေးဟု AA၏ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကြားခံပုဂ္ဂိုလ်တွေက တချို့ကိစ္စတွေကို ‌မေးတာတွေရှိပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုကတော့မရှိပါ။ ကျွန်တော်တို့ကလည်း တချို့ကိစ္စတွေကို ‌ပြည်သူတွေကို ဖမ်းတဲ့ကိစ္စတွေနဲ့ကန့်ကွက်တာတွေ မေးခွန်းထုတ်တာတွေရှိခဲ့ပါတယ်။ အဲဒီဖက်ကလည်း ကန့်ကွက်တာတွေ၊ မေးခွန်းထုတ်တာ တွေရှိပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံပြီးတော့ ဆွေးနွေးမှုတွေမရှိခဲ့ပါ။ဆွေးနွေးဖို့အတွက် အကောင်အထည်ဖော်တာလည်း မရှိပါ။”ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော် ကို တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုများလည်း ပြုနေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီဖက်မှ ထိုးစစ် ဆင်တိုက်ခိုက်မှုများကို ပြုလုပ်နေသည့်အတွက် ရှေ့ဆက်ပြီးတင်မှာမှုများရှိနေသေးမည်ဟု ခိုင်သုခကထပ်လောင်းပြောဆိုခဲ့ သည်။

“စစ်ကောင်စီဖက်က စခန်းတွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်နေတာတွေရှိတယ်။ ကျွန်တော်တို့ ဖက်ကလည်း ပြန်လည်ပစ်ခတ်ရတာတွေ ရှိနေပါတယ်။ ပြောရမယ်ဆိုရင် ထိတွေ့တိုက်ပွဲကတော့ နေ့စဉ်ရှိနေတယ်။ အခုတောင် တိုက်ပွဲတွေဖြစ်လို့ ရှိရင် ရှိနေကြမယ်”ဟုဆိုသည်။

အလားတူ မောင်တောမြို့နယ်တွင် ထိတွေ့တိုက်ပွဲ များကြောင့် စစ်ကောင်စီဖက်မှ ဆုတ်ခွာခဲ့ရသည့် စခန်း ၇ခုအထိရှိနေပြီး၊ ပလက်ဝမြို့နယ်၌လည်း နေ့စဉ်ဆိုသလို ထိတွေ့တိုက်ခိုက်‌နေမှုများ ဖြစ်ပေါ်နေလျှက်ရှိနေကြသည်ဟု ဆိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။