myaelatt athan

Sharing Information to the Local

PTU ကျောင်းသားများသမဂ္ဂ ဥက္ကဌ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

0
0

ပဲခူး၊ ဇူလိုင် ၂၂၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခြင်းခံလိုက်ရတယ်လို့ PTUSU အဖွဲ့ဝင်တဦးက ပြောပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်၊ ဒီကနေ့ နေ့လည် ၂ နာရီလောက်က သာယာဝတီခရိုင်တရားရုံးမှာ အမိန့်ချလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုဇော်မင်းသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်က သာယာဝတီခရိုင် အိုးသည်ကုန်းမှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာတင် PDF တွေနဲ့ ဆက်သွယ်လို့ဆိုပြီး လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ၆ လကြာမှ ထောင်ဒဏ်ချမှတ်ခံရတာလို့လည်း သိရပါတယ်။

“နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်တာတွေရှိတာပေါ့ မိသားစုနဲ့ တွေ့ရတယ်။ ကျန်းမာပါတယ်” လို့ သမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကိုဇော်မင်းသူဟာ EP 4th year ကျောင်းသားတဦးဖြစ်ပြီး ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားထုရဲ့ရွေးကောက်ခံ ဥက္ကဌတဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုထက်အောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။