myaelatt athan

Sharing Information to the Local

ရေတွင်းထဲ အမှိုက်ဆင်းဆယ်တဲ့အမျိုးသား သေဆုံး

ပခုက္ကူ၊ မေ ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၂ ရပ်ကွက်၊ လယ်ပြင်ဘုန်းကြီးကျောင်းရေတွင်းမှာ အမှိုက်ဆင်းဆယ်တဲ့အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ကိုဆန်းထွန်းနိုင်ဆိုသူဖြစ်ပြီး မေ ၃၁ ရက် ဒီမနက် ၇ နာရီခန့်မှာ ဘုန်းကြီးကျောင်းဝန်းအတွင်းရေတွင်းမှာ အမှိုက်ဆင်းဆယ်ရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူ့ဟာသူ အမှိုက်ဆင်းဆယ်တာနေမှာ။ အောက်ဆီဂျင်ပြတ်ပြီးတော့ ပြုတ်ကျသေဆုံးတာ ဖြစ်နိုင်တယ်။ ကြာမှသိကြတာ။ ရေတွင်းကလည်း အသုံးမပြုတာကြာပြီလို့တော့ သိရတယ်။ “လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

အဲ့ဒီရေတွင်းဟာ အနက် ၂၅ ပေခန့်သာရှိပြီး ကျောင်းဝန်းအတွင်း ယခင်က သုံးရေအတွက်အသုံးပြုနေတဲ့ ရေတွင်းဖြစ်ကာ သေဆုံးသူကလည်း ဘုန်းကြီးကျောင်းမှာနေထိုင်သူမဟုတ်ဘဲ ရပ်ကွက်ထဲနေထိုင်သူဖြစ်ပြီး ကျောင်းဝန်းအတွင်းကို ဝင်ထွက်သွားလာလေ့ရှိတယ်လို့ သိရပါတယ်။

အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်း၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းဆယ်တင်ခဲ့ပြီးနောက် ပခုက္ကူဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

အဲဒီနောက်ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ပြီး အလောင်းကိုနေအိမ်ပြန်သယ်ကာ နာရေးပြုလုပ်ဖို့စီစဥ်နေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။