myaelatt athan

Sharing Information to the Local

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှာ အခြေခံဆေးပညာသင်တန်းဆင်းပွဲ ပြုလုပ်

မင်းဘူး၊ မတ် ၂၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးမြို့တနေရာမှာ အခြေခံဆေးပညာသင်တန်းတက်ခဲ့တဲ့ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် ၁၀ ဦးကို သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

သင်တန်းကို ဇူလိုင် ၂၆ ရက်ကစတင်သင်ကြားပေးခဲ့ပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အမျိုးသားတပ်ဖွဲ့ဝင် ၃ ဦးပါဝင်ကာ မတ် ၁ ရက်မှာတော့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ပေးခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးမှူးဆရာမထွဋ်ထွဋ် က ပြောပါတယ်။

“အခြေခံဆေးပညာသင်တန်းမှာ သင်တန်းသား ၁၀ ဦးကို သင်ပေးခဲ့တာပါ။ ဘယ်လိုသင်ပေးခဲ့တာလဲဆိုရင် သူတို့ကို ပထမ စာတွေ့သင်ပါတယ်။ လက်တွေ့ပိုင်းမှာတော့ အပ်စိုက်တာရှိတယ်။ သွေးပေါင်ချိန်တာရှိတယ်။ အသက်ရှူနှုန်း သွေးခုန်နှုန်းတွေကိုလည်း သင်ပေးပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

အခြေခံဆေးပညာသင်ကြားပြီးမြောက်ခဲ့တဲ့ သင်တန်းသား ၁၀ ဦးကို အသစ်ဖွင့်လှစ်ဖို့စီစဉ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အလှည့်ကျပါဝင်အားဖြည့်ထမ်းဆောင်ဖို့ စီစဉ်ထားပြီး ရှေ့တန်းထွက်တဲ့အခါမှာလည်း ဆေးတပ်သားတွေအဖြစ် ပါဝင်သွားမှာဖြစ်ကာ တပ်ရင်းအနီးနားကကျေးရွာတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆရာမထွဋ်ထွဋ်က ပြောပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။