myaelatt athan

Sharing Information to the Local

ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ၂ ဦး ဘက်ပြောင်းခိုလှုံ

မြေလတ်အသံ၊ မတ် ၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၂ ဦး မတ် ၄ ရက် မနက်ပိုင်းမှာ တပ်ထဲကထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေဟာ အသက် ၂၅ နှစ်အရွယ် တပ်သား ချစ်ဆန်းနိုင်နဲ့ ၂၇ နှစ်အရွယ် တပ်သား ချစ်ကိုတို့ဖြစ်ပြီး သူတို့ကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။

“သူတို့ပြေးလာတာကတော့ မနက်အစောကြီး ၄ နာရီခွဲ၊ ၅ နာရီလောက်က။ ကျနော်တို့သွားခေါ်တဲ့အခါကျတော့ ၈ နာရီခွဲလောက်တော့ရှိပြီ။ လက်နက်ခဲယမ်းကတော့ ဘာမှမပါဘူး၊ သူတို့လည်း ကိုယ်လွတ်ရုန်းလာရတာ။” လို့ Burma Revolution Rangers တာဝန်ခံ ရဲဘော်ဒီမိုက ပြောပါတယ်။

တပ်သားချစ်နိုင်ဟာ မန္တလေးမှာဖမ်းဆီးခံခဲ့ရပြီး တပ်သားချစ်ကိုကတော့ မုံရွာမှာဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ၂ ဦးစလုံးက ရပ်စောက် ဗထူးသင်တန်းကျောင်းမှာ ၂ လခွဲစစ်သင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းတဲ့အခါ မိတ္ထီလာတပ်ရင်းတခုကို ရောက်ရှိကာ အဲ့ဒီကနေတဆင့် အခုနှစ် မတ် ၂ ရက်မှာ တပ်မ ၁၀၁ ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။

လက်ရှိမှာသူတို့ကို Burma Revolution Rangers ရဲ့မဟာမိတ်တပ်ဖွဲ့တဖွဲ့ဆီကို ပို့ဆောင်ထားပြီး နေထိုင်စားသောက်ရေးအတွက် စီစဥ်ပေးထားတယ်လို့ ပြောပါတယ်။

Burma Revolution Rangers အဖွဲ့ဟာ မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ဘက်ပြောင်းခိုလှုံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထိ ရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။