myaelatt athan

Sharing Information to the Local

မြောင်မှာ စစ်အုပ်စု ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊‌ မတ် ၂၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မတ်လ ၂၇ ရက် မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရပါတယ်။

မြောင်မြို့ကနေထွက်လာတဲ့ အဲ့ဒီကားကို မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင် ၂ ဆိုင်ကြားမှာ PDF သုံးဖွဲ့က ဆီးကြိုပြီး ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ်တော်လှန်ရေးတပ် – MRA တာဝန်ခံက ပြောပါတယ်။

“ ကျနော်တို့မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင် ၂ ဆိုင်ကြားထဲမှာ မိုင်းခွဲတိုက်ခိုက်လိုက်တာပါ၊ သူတို့က မြောင်ကနေ တောင်ဘက်ထွက်အလာ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ တိုက်ခိုက်လိုက်တာပါ၊” လို့ သူကပြောပါတယ်။

တိုက်ခိုက်လိုက်တဲ့အချိန်မှာ ကားမှန်တွေလည်းကြေမွသွားပြီး၊ ကားထဲလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ MRA တာဝန်ခံက ဆက်ပြောပြပါတယ်။

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ် – MRA ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ အရန်တပ်ခွဲ ၁ နဲ့ Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်တာလို့ MRA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် မြောင်မြို့နယ်အတွင်း ပြောက်ကျားစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီး၊ အဲ့လိုလုပ်ဆောင်ရာမှာလည်း ပြည်သူတွေကို အထိအခိုက်မရှိအောင် ဂရုတစိုက်ဆောင်ရွက်နေတာဖြစ်သလို ပြည်သူတွေအနေနဲ့ကတော့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို သတိကြီးကြီးထားပြီး ဂရုတစိုက်သွားလာကြဖို့ MRA က သတိပေး ပြောကြားထားပါသေးတယ်။

ဒီဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ညပိုင်းမှာလည်း မြင်းမူမြို့နယ်အတွင်း ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီအင်အား ၄၀ ကျော်ကို MRA အပါအဝင် မဟာမိတ် ၄ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး၊ ၈ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်သူ ရဲဘော်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။