myaelatt athan

Sharing Information to the Local

ပဲခူးတိုင်းက ပအဖ တွေနဲ့ NUG ပြည်ထောင်စုဝန်ကြီးတို့ အရေးပေါ်အစည်းအဝေးတွေ့ဆုံ

0
0

ပဲခူး၊ မတ် ၁၀၊ ၂၀၂၂။

ပဲခူးတိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်းကြီးဌာန(MOHAI) က ဝန်ကြီး နှစ်ယောက်တို့ မတ်လ ၉ရက် မနေ့က မနက်ပိုင်းမှာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ MOHAI က ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း အတွင်းမှာ မြို့နယ် ၂၈ခု ရှိတဲ့ အထဲက အကုန်လုံးနီးပါးတက်ရောက်ခဲ့ပြီး မတက်ဖြစ်တဲ့ မြို့နယ် ၂ခု ၃ခုလောက်သာရှိပြီး အစည်းအဝေးမှာ အဓိက ‌ဆွေးနွေးဖြစ်တဲ့ အကြောင်းကို ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နာယက ဒေါက်တာခင်စိုးစိုးကြည်က အခုလို ပြောပါတယ်။

” ဒီကြားကာလမှာ မြို့နယ်အလိုက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ဖွဲ့စည်းဖို့ကို ဝန်ကြီးတို့က ပြောဆိုရှင်းပြတာ ဖြစ်ပါတယ်၊ မြို့နယ်တွေကို အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဘယ်လို ဖွဲ့စည်းရင်တော့ အလုပ် လုပ်တဲ့ နေရာမှာ အဆင်ပြေချောမွေ့မယ် ဆိုပြီး ပြင်ဆင်ဖွဲ့စည်းဖို့ ဆွေးနွေးကြတာဖြစ်ပါတယ်”

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အချို့မြို့နယ်တွေမှာ စိုးမိုးနယ်မြေတွေ ရရှိလာနေပြီး အဲ့ဒီက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အားသာချက် အားနည်းချက်တွေကို ဆင်ခြင်ပြီး ပဲခူးတိုင်းအနေနဲ့လည်း ဘယ်လိုဖွဲ့စည်းကြမယ်ဆိုတာမျိုးတွေကို ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ဒုဝန်ကြီး ခူးထဲဘူးတို့က လမ်းညွန်ဆွေး‌နွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်းက ပအဖ တွေအနေနဲ့ အဖွဲ့အသီးသီးရဲ့ လိုအပ်ချက် အခက်အခဲတွေ ဝန်ကြီးကို တင်ပြခဲ့ကြပြီး အစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းတဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့ အခါ မြေပြင်မှာ တကယ်လှုပ်ရှားနေသူတွေကို ထည့်ဝင်ဖွဲ့စည်းဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်မှာဖြစ်ပြီး ရန်ပုံငွေလိုအပ်ချက်တွေအပြင် ခုခံကာကွယ်ဖို့ လက်နက်ကိရိယာလိုအပ်ချက်တွေကို လည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။