myaelatt athan

Sharing Information to the Local

ပေါင်းတည်လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေးခံရ

0
0

ပဲခူး၊ ဇန်နဝါရီ ၆၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့လျပ်စစ်ရုံးကို ဒီနေ့မနက်၉နာရီ ၁၅မိနစ်လောက်က ဗုံးတလုံးပေါက်ကွဲခဲ့​တယ်လို့ မြို့ခံတဦးကပြောပါတယ်။

မီတာခအဓမ္မကောက်ခံနေတာနဲ့ မီတာအသစ်တပ်ဆင်တဲ့ပြည်သူတွေအပေါ်မှာ လာဘ်စားတာရယ်ကြောင့် အခုလို သတိပေးဖေါက်ခွဲခဲ့တာလို့ သိရပါတယ်။

“ပေါင်းတည်မြို့မှ အတင်းအဓမ္မကောက်ခံနေတာရယ် နောက်တခါ မီတာခအသစ်တပ်ဆင်ချင်လို့ အသစ်လျောက်တဲ့သူတွေကို ပေါင်းတည်လျပ်စစ်မြိူ့မှူးက သူ့ကို သီးခြားလာဘ်မထိုးဘူးဆိုရင်အဲလူတွေကိုခက်ခဲကြန့်ကြာအောင်လုပ်တယ် ဒါကြောင့် ပထမအကြိမ် အသံဗုံးနဲ့သတိပေးဗုံးခွဲခဲ့တာပါ လူနဲ့အဆောက်အဉီထိခိုက်မူမရှိပါဘူး” လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နဲ့နီးစပ်သူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ပေါင်းတည်PPDFဟာ မြို့ပေါ်မှာရှိတဲ့မီးရထားဘူတာကို လုံခြုံရေးယူဖို့ လာတဲ့ စစ်ကောင်စီတွေကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၂ဦးနေရာမှာ ပွဲချင်းပြီးသေကာ ၁ဦးပြင်းထန်ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။