စစ်ဆေးရေးဂိတ်တွေမှာ ဆော့ဖ်ဝဲလ်အသုံးပြုပြီး စစ်ပြေး၊ရဲပြေးတွေကို စီမံချက်နဲ့ ဖမ်းဆီးနေ

0 11
0 11

မြေလတ်အသံ၊ မတ် ၁၃၊ ၂၀၂၅။

ပဲခူးတိုင်းအတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်နံပါတ်၊ နာမည်ကို ဆော့ဖ်ဝဲလ်မှာ ရိုက်ထည့်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာထွက်ပြေးလာတဲ့ စစ်ပြေး၊ ရဲပြေးတွေကို ရှာဖွေဖမ်းဆီးနေတယ်လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မတ်လဒုတိယပတ်အတွင်းကစတင်ကာ အထက်ပါအတိုင်းဖမ်းဆီးနေတာဖြစ်ပြီး ဆော့ဖ်ဝဲလ်အသုံးပြုဖမ်းဆီးဖို့ စစ်ကောင်စီတပ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ အဲ့ဒီလိုဖမ်းဆီးဖို့ စစ်ဆေးရေးဂိတ်တွေမှာTablet နဲ့ ဂိတ်ကြီးရင် ၃/၄ ယောက်၊ ဂိတ်သေးရင် ၁ ယောက် အဲ့ဒီလို သပ်သပ်ချပေးထားတယ်။ စစ်ပြေး၊ ရဲပြေး အရမ်းများလာလို့ အဲ့ဒီလိုလုပ်တာ။ အရင်လိုမှတ်ပုံတင်ကအလုပ်အကိုင်နေရာမှာ ကျောင်းသားတို့၊ ကုန်သည်တို့ ပြောင်းထားလည်း မရတော့ဘူး၊ လူပုံစံအနေအထားကြည့်ပြီး အဲ့ဆော့ဖ်ဝဲလ်ထဲကို မှတ်ပုံတင်က နာမည်၊ နံပါတ်ရိုက်ထည့်လိုက်တာနဲ့ စစ်ပြေး၊ရဲပြေးဆိုရင် အချက်အလက် အကုန်ပေါ်တယ်။” လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

မှတ်ပုံတင်စစ်ဆေးတဲ့ ဆော့ဖ်ဝဲလ်အပြင် စစ်ကောင်စီက ထပ်မံထုတ်ပေးထားတဲ့ စမတ်ကတ်တွေကနေတဆင့်လည်း ဖမ်းဆီးခံရမှုတွေရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဆော့ဝဲလ်အသုံးပြုဖမ်းဆီးမှုတွေစတင်ခဲ့တဲ့ မတ်လဒုတိယပတ်အတွင်းမှာတင် ပဲခူးတိုင်းအတွင်းက စစ်ဆေးရေးဂိတ်တွေမှာ ရဲပြေး၊ စစ်ပြေးတွေ အများအပြား ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကိုစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်ဖမ်းဆီးခံရပါက ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခံရနိုင်တာကြောင့် စစ်ကောင်စီစိုးမိုးနယ်မြေတွေမှာ မနေကြဖို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က အကြံပြုပါတယ်။

“ မြန်မာပြည်တွင်း စစ်ကောင်စီစိုးမိုးနယ်မြေတွေမှာဆိုရင်တော့ တဂိတ်မဟုတ်တဂိတ်မှာ ပြန်ဖမ်းခံရဖို့များတယ်။ စစ်ဆေးရေးဂိတ်တွေကို ရှောင်နိုင်တဲ့လမ်းတွေကို ရွေးပြီးသွားနိုင်မှ အဆင်ပြေမယ်။” လို့ သူက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။