myaelatt athan

Sharing Information to the Local

အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီး လုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

0
0

စစ်ကိုင်း၊ ဧပြီ ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီးမှာ ယာဉ်တန်းလုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ လင်းယုံညီနောင်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ဧပြီ ၂၀ ရက် ညနေ ၄ နာရီကျော်လောက်မှာထွက်လာတဲ့ ကား ၁၀ စီးပါယာဉ်တန်းကို စစ်ကိုင်း-ရွှေဘို-မုံရွာလမ်းပေါ်ရှိ အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီးမှာလုံခြုံရေးယူပေးနေတဲ့ အင်အား ၁၃ ဦးပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က လမ်းပေါ်မှာက ၆ ယောက် ၇ ယောက်လောက်။ ကင်းပုန်းက ၆ ယောက်လောက်ရှိတာကို ရုတ်တရက်ဝင်ပစ်တာ။ အမှတ် ၁၆ ရဲရုံးနဲ့ကလည်း မီတာ ၁၀၀ လောက်ပဲကွာတော့ အထဲက ၄၀ မမတွေနဲ့ ပစ်ကူလာလို့ နောက်ပြန်ဆုတ်လာရတာ တိုက်ခိုက်ချိန်က ၅ မိနစ်လောက်ပဲကြာတယ်” လို့ လင်းယုံညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ အလောင်းနဲ့ဒဏ်ရာရစစ်သားတွေကို နာရေးကူညီမှုအသင်းကားနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး ဒီအခြေအနေနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်ပြုချက်မရသေးပါဘူး။

အဆိုပါစစ်ဆင်မှုအတွင်း တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

လင်းယုံညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက် ည ၉ နာရီ‌ကျော်ကလည်း စစ်ကိုင်းမြို့ အတွင်း ပျူစောထီးတွေ ကင်းပတ်နေချိန် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းပိုင်း ဆွမ်းချက်ရပ် စာသင်ကျောင်းအနီးကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ – လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်နေသည့် လင်းယုံညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်တဦး။

သတင်း – အောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။