ပင်လည်ဘူးကိုသိမ်းတဲ့ PDF အထူးတပ်ကို NUG လက်နက်တပ်ဆင်

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။

အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဖြစ်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ ၁ – PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးနေစဉ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဩဂုတ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ စတင်ခဲ့တာတာဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးသီး ၅,၀၀၀ ကျော် လေယာဉ်နဲ့ ကြဲချတဲ့ကြားက ၂ လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ အောက်တိုဘာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးသေဆုံး၊ စစ်သုံ့ပန်း ၁၀၂ ဦးကို PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချသူ ၄၈ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ ၂ – ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဆီကနေ PDF သိမ်းမိထားသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ။

တိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဆီကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်ရခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ်ဒေသ ဖေ့စ်ဘွခ်စာမျက်နှာ။

စာတည်း – ဟယ်ရီ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။