ဥသျှစ်ပင်မှာ တံတားပေါ်ကခုန်ချတဲ့ အမျိုးသမီး သေဆုံး

0 44
0 44

ပန်းတောင်း၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ လဲရွာကျေးရွာအနီး တံတားပေါ်ကခုန်ချခဲ့တဲ့အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဥသျှစ်ပင်မြို့၊ လမ္မတော်ရပ်ကွက်နေ အသက် ၅၂ အရွယ်ဒေါ်မြဝတ်ရည်ဝင်း (ခ) ဒေါ်ဝတ်ရည် ဟာ ဥသျှစ်ပင်မြို့နဲ့လဲရွာကို ဆက်သွယ်ထားတဲ့တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်မနက်အစောပိုင်းမှာ အလောင်းကိုတွေ့ခဲ့ကြတာလို့ ဆိုပါတယ်။

“အောက်မှာ ကျောက်တုံးတွေရှိတယ် ကျောက်တုံးနဲ့ထိတာတဲ့၊ အလောင်းကို ဖြတ်သွားဖြတ်လာတွေက တွေ့တာ၊ ညကတည်းက ဖြစ်ထားပုံရတယ်၊ မနက်အစောပိုင်းမှာအလောင်းကိုတွေ့တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီးမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး အကြွေးတချို့လည်း ရှိတယ်လို့သိရကာ အလောင်းကိုတော့ ဒီနေ့လယ် ၃ နာရီမှာသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။