ပြည်မှာ ပျူစောထီး ၁ ဦးပစ်သတ်ခံရ

0 0
0 0

ပြည်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပတ္တမြားတောင်ရွာအပြင် ကြက်ဝိုင်းမှာ ပျူစောထီး ၁ ဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၂ က ဖေဖော်ဝါရီ ၁၆ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူဟာ ဆီဆုံကုန်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ငထွန်းဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီခန့်မှာ ကျေးရွာကြက်ဝိုင်းမှာရှိနေချိန် ဝင်ရောက်ပစ်ခတ်ရာ သေဆုံးခဲ့တာဖြစ်ပြီး သူ့ကိုပစ်ခတ်စဉ် ပြည်သူ ၁ ဦးကိုလည်းထိမှန်ပြီးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကြက်ဝိုင်းမှာ သူ့ကိုပစ်တာ။ ပြည်သူထိတယ်ဆိုတာက ငထွန်းကိုပစ်ခတ်ပြီးတော့ ငထွန်းခေါင်းကနေ ပေါက်ထွက်သွားတဲ့ကျည်က သွားထိတာ။ အဲဒါကလည်း အဲ့နေ့က ရွာမှာမင်္ဂလာဆောင်ပြုလုပ်နေသူရဲ့ အဖေလို့သိရတယ်။ သူကလည်း ကြက်ဝိုင်းကိုလာပြီး ကြည့်ရှုနေတာ”လို့ ပြည်ခရိုင်အမှတ် ၂ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Red star က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပျူစောထီးငထွန်းမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး ပတ္တမြားတောင်ရွာသား အသက် ၅၀ အရွယ် အမျိုးသားမှာ ကျောကုန်းမှာဒဏ်ရာရာခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးငထွန်းဟာ ဝက်ထီးကန်နယ်မြေရဲစခန်းက ရဲ၊ စစ်ကော်မရှင်တပ်သားတွေနဲ့ပူးပေါင်းကာ ပေါ်တာဆွဲတာ၊ ဖမ်းမိသူတွေကို ပြန်ထုတ်ပေးမယ်ဆိုပြီး မိသားစုတွေဆီကငွေတောင်းတာ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကော်မရှင်ဆီ သတင်းပေးတာတွေကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ပြည်ခရိုင်အမှတ် ၂ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Red star ကပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာက စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ဆိုသူနေအိမ်မှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။