ပဒူကျေးရွာကို စစ်တပ်က ၂ လအတွင်း ၈ ကြိမ်မီးရှို့

0 1
0 1

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ၂ လအတွင်းထဲမှာ ၈ ကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁ ထောင်နီးပါးရှိတဲ့ ပဒူရွာကို မေလ ၂၂၊ ၂၄၊ ၂၅၊ ၂၉ နဲ့ ၃၀ ရက်၊ ဇွန်လ ၃၊ ၇၊ ၈ ရက်တွေမှာ မီးရှို့ခဲ့တာပါ။

စစ်သားအင်အား ၃၀ လောက်နဲ့ တပ်စွဲနေတဲ့ ပဒူကျေးရွာ ရဲစခန်းကို ဒေသခံကာကွယ်တပ်ဖွဲ့တွေက မေလ ၂၂ ရက်မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီနေ့ညနေပိုင်းကစလို့ ဆက်တိုက်ဆိုသလို မီးရှို့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ပဒူက တိုက်နယ်အဆင့်မှာပါတော့ အိမ်ခြေကများတယ်။ အခုရွာကို မီးရှို့နေတာလည်း ပဒူရဲစခန်းမှာ ကျန်ခဲ့တဲ့ (စစ်ကောင်စီတပ်သား)တဝက်လောက်က နေအိမ်တွေကို မီးရှို့နေတာ”လို့ Wetlet Informational Network မှ ဗိုလ်မြေဩဇာက ပြောပါတယ်။

ခုလိုမီးရှို့လို့ ဒေသခံရွာသား ၆ ထောင်ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအတွက်လည်း အခက်ကြုံနေရပါတယ်။

“ရွာထဲမှာ ဘယ်သူမှပြန်လာမရဲဘူး၊ ရွာသားတွေထွက်ပြေးနေရတာ တလပြည့်တော့မယ်၊ ဘာအငြိုးတွေနဲ့ ဝင်ပြီးမီးရှို့နေလဲတော့မသိဘူး။ ရွာထဲမှာလည်း နေအိမ်တွေ ဘယ်လောက်မှ မကျန်တော့ဘူး။ တရွာလုံးပြာကျအောင်ပဲ လုပ်နေတာလားတော့ မသိဘူး” လို့ ဗိုလ်မြေသြဇာက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ပဒူရွာ ရဲစခန်းမှာရှိနေသေးပြီး ရွာသားတွေအနေနဲ့လည်း ရွာထဲကို ပြန်မဝင်ရဲကြသေးတဲ့အတွက် နေအိမ်ပျက်စီးဆုံးရှုံးမှု အရေအတွက်ကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မြေသြဇာ ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။