စစ်သားနဲ့ပျူတွေက ပေါက်တောင်ပိုင်းကျေးရွာတွေကို ၅ ရက်ကြာ မီးရှို့ပြီး ဒေသခံ ၂ ဦးကို ပစ်သတ်

0 1
0 1

မကွေး၊ ဇွန် ၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူတွေက မီးရှို့ဖျက်ဆီးသလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေလ ၂၈ ရက်ကစလို့ စစ်သားနဲ့ပျူတွေဟာ ပေါက်မြို့နယ်၊ ချောင်းနားရွာဟောင်း ဘုန်းကြီး‌ကျောင်းမှာတပ်စွဲပြီး ပြစ်ထဲရွာတောင်စု၊ တဲတော်ယာရွာ၊ ကိုင်းလယ်ရွာ တို့ကို ဝင်မီးရှို့တာ၊ သံသယရှိသူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းယူတာတွေကို လုပ်နေတယ်လို့ သိရပါတယ်။

“အပြစ်မဲ့ပြည်သူကို ဖမ်းမိတဲ့နေရာမှာ ဘာမှမမေးဘဲ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားတယ်။ ချောင်းနားရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မတရားယူတယ်။ သယ်လို့မနိုင်တဲ့ ပစ္စည်းတွေ၊ အိမ်တွေ မီးရှို့ပစ်တာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်နဲ့ပစ်သတ်လို့ ပြစ်ထဲရွာတောင်စုသား ဦးဇော်လင်းမောင် (အသက် ၃၀ ကျော်) နဲ့ ကိုင်းလယ်ရွာသား ဦးကျော်ဝေ (အသက် ၄၀ ကျော်) တို့ နှစ်ဦး သေဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံရွာသူရွာသားများမှာ ပစ္စည်းတွေမသယ်နိုင်ဘဲ လူလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေကြရသလို ချောင်းနားရွာဟောင်းအနီးက ချောင်းရေကြီးရေလျှံ ဖြစ်တာကြောင့်လည်းဒုက္ခတွေပိုရောက် နေရတယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေမှာ စားစရာလည်းပါမလာကြဘူး။ ပြည်သူတွေကိုဖမ်းပြီးတော့ မသေရုံတမယ်နှိပ်စက်လွှတ်လိုက်တယ်။ CDM သူနာပြုဆရာမတွေ ချိတ်ဆက်ပြီး ဆေးကုနေရတယ်။ အခုလည်းဘေးလွတ်ရာ တောထဲတွေမှာနေရတယ်လို့ “ ပေါက်တောင်ပိုင်း စစ်ရှောင်အမျိုး သမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်တပ်ဖွဲ့တွေက လက်ရှိအချိန်(ဇွန်လ ၁ ရက်) အထိ တပ်စွဲထားဆဲဖြစ်လို့ ဒေသခံပြည်သူတွေ အနေနဲ့ ရွာသို့မပြန်ရဲသေးဘဲ၊ စစ်ဘေးရှောင်နေရပြီး ပျက်စီးဆုံးရှုံးမှုအခြေနေကို စုံစမ်းနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။