ယင်းမာပင်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို အာဟာရဒါနကျွေးမွေး

0 1
0 1

စစ်ကိုင်း၊ မေ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို မေလ ၁၉ ရက်မှာ အာဟာရဒါနအဖြစ် ထမင်းဟင်းလျာတွေ ချက်ပြုတ်ကူညီလှုဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

အခုလို လှူဒါန်းမှုကို Lights of The Future-Group (အနာဂါတ်အလင်းတန်း)အဖွဲ့ရဲ့ ကူညီမှုနဲ့လှူဒါန်းတာဖြစ်သလို၊ အသားဟင်းတမျိုး အရန်ဟင်း ၃ မျိုးပါပြီး ကုန်ကျစရိတ်အနေနဲ့ သိန်း၂၀ ကျော်ကုန်ကျတယ်လို့သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ ယင်းမာပင်မြို့နယ်က အိမ်ခြေ ၃၂၀ ကျော်မှာရှိတဲ့ လူဦးရေ ၁၆၀၀ ကျော်ကို ကျွေးမွေးခဲ့တာဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ မဖူးပွင့်ဝေ က မြေလတ်အသံကိုပြောပါတယ်။

“ရေဘေးသင့်ပြည်သူတွေမှာ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ထမင်းတနပ် ကောင်းကောင်းစားရလို့ စိတ်ချမ်းသာစေချင်တယ်။ သူတို့ပတ်ဝန်းကျင်ရှင်းလင်းဖို့က တပတ်လောက်ပြင်ဆင်ရအုံးမယ်” လို့ သူက ပြောပါတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။