မုန်တိုင်းကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လို့ မီးဘေးသင့်စစ်ရှောင်နေအိမ်တွေရေမြုပ်

0 1
0 1

ဆားလင်းကြီး၊ မေ ၁၅၊ ၂၀၂၃။

မေလ ၁၄ရက် မနေ့ညက မိုခါမုန်တိုင်းကြောင့်လေပြင်းကျကာ ချင်းတွင်းမြစ်ရေမြင့်တက်လာပြီး ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းနားဘေးက ယာယီတဲတွေရေမြုပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရပါတယ်။

“အခုတော့မုန်တိုင်းပြယ်လို့ နေပူလာပြီ။ မြစ်ရေတအားတက်လာတော့ စစ်ရှောင်တဲတွေထဲ ရေဝင်ကုန်တယ်။ သွားလာရတာခက်ခဲပြီးတော့ ချက်ပြုတ်စားသောက်ဖို့မလွယ်ကူဘဲဖြစ်နေတယ်။ ထင်းတွေလည်းရေစိုကုန်ပြီ” လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာရှိတဲ့ မြောက်ယမားချောင်းကတော့ ရေကြီးရေလျှံနေလို့ ရွာတွေထဲအထိရေဝင်နေသလို စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေအထိ ရေဝင်နေတယ်လို့ ဆက်ပြောပါတယ်။

စာတည်း- ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။