myaelatt athan

Sharing Information to the Local

ချင်းကာကွယ်ရေးတပ် ⁨CDF – Asho ရဲ့ အပတ်စဥ် ၆ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မြေလတ်အသံ၊ မတ် ၂၅၊ ၂၀၂၅။

မကွေးတိုင်းအခြေစိုက် ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho) ရဲ့ အပတ်စဥ် ၆ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်မှာ CDF-Asho ကထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့မတ် ၁၉ ရက်နေ့မနက် ၇ နာရီကနေ ၁၀ နာရီအထိ CDF – Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး လုံခြုံရေးအခြေအနေအရ အခုမှထုတ်ပြန်ရတာလို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho )မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းကပြောပါတယ်။

သင်တန်းဆင်းပွဲမှာ ဆု ၆ ဆုချီးမြှင့်ခဲ့ပြီး အဲဒီဆုတွေကတော့ အောင်စစ်သည်ဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ ဇွဲဆု၊ ကျန်းမာရေးကောင်းမွန်ဆု၊ လက်ဖြောင့်ဆု၊ ကြံ့ခိုင်ရေး ကောင်းမွန်ဆုတို့ ဖြစ်ကြပါတယ်။

အဲဒီဆု ၆ ဆုထဲက စစ်ရေးပြအကောင်းဆုံးဆု၊ ကျန်းမာရေးကောင်းမွန်ဆု၊ ဇွဲဆုစတဲ့ ၃ ဆုကို အမျိုးသမီးတပ်ဖွဲ့၀င်တွေရရှိခဲ့တယ်လို့ ဆလိုင်းရိုးချင်းက ဆက်ပြောပါတယ်။

သင်တန်းပွဲကို ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဆုရကျောင်းသားတွေကို ဆုချီးမြင့်ခြင်း၊ အလံအလေးပြုခြင်း နဲ့ အားကစားအစီအစဥ်တွေ ပြုလုပ်ပြီး အဆုံးသတ်ခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။