ရိက္ခာပို့ပြန်လာတဲ့ ပျူစောထီး ၈ ဦးကို တော်လှန်ရေးတပ်တွေအရှင်ဖမ်းမိ

0 30
0 30

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ပျူစောထီးအဖွဲ့ဝင် ၈ ဦးကို ဒီဇင်ဘာ ၉ ရက်မနက် ၉ နာရီကျော်က အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်းဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ ၈ ဦးမှာ ငွေတွင်းကျေးရွာပျူစောထီးစခန်းမှဖြစ်ပြီး သူတို့ကို ငွေတွင်းရွာနဲ့ ညောင်ဒူးလေးကျေးရွာကြားမှာ ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဆီက(ပျူတွေ)လက်နက်တွေကမရဘူး။ ရတာက ဆန်၊ ဆီ၊ အရက်၊ ပိုက်ဆံတချို့ပါ။ သူတို့ကို ထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်”လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်းမှတာဝန်ရှိသူက ပြောပါတယ်။

ငွေတွင်းရွာစခန်းကနေ ညောင်ဒူးလေးရွာစခန်းကို ရိက္ခာပို့ပြီးခြေလျင်ပြန်လာတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၂ ဦးထဲက အထက်ပါ ၈ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တာလို့ ဆိုပါတယ်။

ငွေတွင်းရွာနဲ့ ညောင်ဒူးလေးရွာဟာ ၂ မိုင်ကွာဝေးပြီး ၂ ရွာစလုံးမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်စီလောက်တပ်စွဲနေထိုင်နေတာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၈ ဦးကို စစ်ဆေးမြန်းပြီးနောက် စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး နောက်ထပ် ငွေတွင်းကျေးရွာအတွင်းမှရှိတဲ့ ပျူစောထီးတွေအနေနဲ့လည်း ဘက်ပြောင်းလာကြဖို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီဖမ်းဆီးမှုကို မုံရွာခရိုင်အမှက် ၂၁ တပ်ရင်း (တိုက်နယ် 9)၊ MRTFနဲ့ ကျေးရွာပကဖမဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကော်မရှင်ဘက်က လိုက်လံရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။