ချောင်းဦးကို ဆေးကုသွားတဲ့ LPDF ခေါင်းဆောင်နဲ့ မိသားစုဝင်တွေအပါ ၄ ဦး ဖမ်းဆီးခံရ

0 133
0 133

ချောင်းဦး၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ဆေးကုသွားတဲ့ မြင်းခြံမြို့နယ်အခြေစိုက် LPDF အဖွဲ့ခေါင်းဆောင်နဲ့မိသားစုဝင်တွေအပါ ၄ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရတဲ့တပ်ဖွဲ့နဲ့နီးစပ်သူတဦးထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြင်းခြံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ဒေါင်းနီ LPDFတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ကိုသာချောနဲ့ ဇနီး၊ သားမက်ဖြစ်သူနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့ပေါ် ဆေးကုသသွားရာကနေ ချောင်းဦး-ပခုက္ကူလမ်းခွဲနေရာမှာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

” ကောင်လေးက ကားမောင်းတာ။ ကောင်လေးကလည်းအဲ့နယ်သားဘဲ။ ကိုသာချောသမီးနဲ့ရထားတာ။ လမ်းကျွမ်းပေမယ့် ** နဲ့တိုးပြီး ဖမ်းမိတာဖြစ်နိုင်တယ်” လို့ ဖမ်းဆီးခံအဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေါင်းနီအဖွဲ့ခေါင်းဆောင်ကိုသာချောမှာ ဆိုင်ကယ်တိမ်းမှောက်ဒဏ်ရာတွေရရှိထားတာကြောင့် ချောင်းဦးမြို့ပေါ်ကို ဆေးကုသဖို့ သွားရောက်စဥ် ဖမ်းဆီးခံရတာဖြစ်ပြီး ၎င်းတို့ ၄ ဦးကို ကနဦးမှာ ချောင်းဦးမြို့ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ စုံစမ်းသိရပြီး ဒီဇင်ဘာ ၄​ ရက်မှာတော့ မုံရွာ နမခ ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တပ်ဖွဲ့ခေါင်းဆောင်ဖမ်းဆီးခံလိုက်ရတာကြောင့် ကျန်တပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေလုံခြုံရေးအတွက် လိုအပ်တာတွေ လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကော်မရှင်ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒေါင်းနီ LPDF အဖွဲ့ခေါင်းဆောင်ပါ ၄ ဦးကို ကား ၁ စီး၊ လက်နက်၊ ခဲယမ်းအချို့နဲ့ဆက်စပ်ပစ္စည်းတွေကိုဖမ်းမိထားတယ်လို့ ဖော်ပြထားကြပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။