အမရပူရမှာ သူနာပြုဆရာမ ၁ ဦး နေအိမ်အတွင်း အသက်ရှူကြပ်သေဆုံး

0 1
0 1

အမရပူရ၊ မေ ၈၊ ၂၀၂၃။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ စိတ်ကျန်းမာ‌ရေးဆေးရုံဝန်းအတွင်းနေထိုင်တဲ့ သူနာပြုဆရာမ ၁ ဦး မေလ ၇ ရက်မနက် ၁၁ နာရီခွဲဝန်းကျင်မှာ နေအိမ်အိပ်ခန်းအတွင်း အသက်ရှူကြပ် သေဆုံးသွားတယ်လို့ သိရပါတယ်။

စိတ်ကျန်းမာရေးဆေးရုံဝန်း၊လိုင်းခန်းအမှတ် ၁ မှာနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် သူနာပြုဆရာမ ဒေါ်လွင်လွင်မြတ်ဟာ သူ့ရဲ့နေအိမ်အခန်းတွင်း ၁ ဦးတည်းရှိနေစဉ် အသက်ရှူကြပ် လဲကျသေဆုံးနေတာလို့ ဒေသခံတဦးကပြောပါတယ်။

“ဆရာမကြီးကတယောက်တည်းနေတာ။ နေ့ခင်းပိုင်းပူတော့ အဲကွန်းဖွင့်ထားတာကနေ အခန်းကလည်း အလုံပိတ်ထားတော့ အဲကွန်းကဂက်စ်နံ့ထွက်ပြီး ကြာတော့ဂက်စ်နဲ့အဲယားကွန်းလေနဲ့ ဓာတ်ပြုပြီး မေ့လဲရာကနေ အသက်ရှုကြပ်သေဆုံးတယ်လို့ ရဲဘက်ကတော့ အတည်ပြုထားတယ်” လို့ ပြောပါတယ်။

သူနာပြုဆရာမ သေဆုံးတာနဲ့ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာမှာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ အသက်ရှူကြပ်သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ သူနာပြုဆရာမကြီးရဲ့ အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။