အလံကိုမီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (Photo news)

0 1
0 1

စစ်ကိုင်း၊ မေ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး တရုတ်နိုင်ငံတော်အလံကိုမီးရှို့ကာ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၈ ရက် ဒီကနေ့မနက် ၈ နာရီခွဲက “သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကိုသတ်နေတာ ချက်ချင်းရပ်” စာသားပါ ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းဒေသသပိတ်၊ အညာပစ်တိုင်းထောင်လေးများ သပိတ်၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်၊ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ ကယ်တင်ရှင်မရှာတို့ကျေးရွာသပိတ်၊ ရွှေနွယ်သွေးသပိတ်၊ ရွှေဥက္ကံသပိတ် စတဲ့သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အတူချီတက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။