ဧည့်စာရင်းတိုင်ဖို့ဆိုပြီးလာတဲ့ လူငယ် ၂ ဦးက အုပ်ချုပ်ရေးမှူးကိုပစ်သတ်

0 44
0 44

ချောက်၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လူငယ် ၂ ဦးက ဧည့်စာရင်းတိုင်ဖို့ဆိုကာ ဝင်ရောက်လာပြီးနောက် နေအိမ်ထဲမှာပဲပစ်သတ်သွားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ချောက်မြို့ခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူက အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၂ အရွယ် ထွေးအောင်နိုင်ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပစ်သတ်ခံရတဲ့အပြင် လက်တဖက်လည်း ဖြတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ကောင်လေး ၂ ဦးက ဧည့်စာရင်းတိုင်ချင်တယ်ဆိုပြီး အိမ်ထဲဝင်ပစ်သွားတာ၊ အိမ်ထဲထိဝင်ပြီး ၃ ချက် ပစ်သွားတာ၊ ဦးခေါင်းပွင့်သွားတယ်၊ လက်တဖက် ပြတ်သွားတယ်၊ သေသွားပြီ၊ အခု ‘မနောဖြူ’ နာရေးကားနဲ့ ချောက်ရင်ခွဲရုံကိုပို့ထားတယ်၊ သူ့လက်ထဲမှာလည်း သေနက်အတိုရှိတယ်၊ သူကိုယ်ပိုင်ဝယ်ကိုင်ထားတာ၊ ချောက်မြို့မှာ ၁၅ ရပ်ကွက် ရှိတာကို ၁၅ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးတွေ အပေါ်မှာဆရာကြီးလိုနေတာ”လို့ ချောက်မြို့ခံတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကိုဘယ်အဖွဲ့အစည်းတွေကလုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

အမှတ် ၅ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ချောက်မြို့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နေရာတွေမှာ စစ်ကော်မရှင်တပ်တွေက အသွားအလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း ချောက်မြို့နယ်၊ ဆားလယ်ကျွန်းကျေးရွာက စစ်တပ် သတင်းပေး ထွန်းနိုင် ဆိုသူ အသတ်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။