ကျောက်ကြီးမှာ ဆေးပေးခန်းဗုံးကြဲခံရလို့ ဆရာဝန်အပါ ၃ ဦးသေဆုံးပြီး လက်နက်ကြီးနဲ့ထပ်ပစ်လို့ ရွာခံ ၂ ဦးထပ်မံသေဆုံး

0 50
0 50

ကျောက်ကြီး၊ ဒီဇင်ဘာ ၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ဗုံးကြဲပစ်ခတ်တာကြောင့်လို့ CDM ဆရာဝန်အပါ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်မှာ တောင်ငူလေတပ်ကလာတဲ့ ဂျိုင်ရိုကော်ပတာ(စက်တပ်လေထီး) ၁ စီးနဲ့ ကျေးရွာဆေးပေးခန်းပေါ်ကို ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ဆေးခန်းအတွင်းရှိနေတဲ့ အသက် ၃၀ ကျော်အရွယ် CDM ဆရာဝန်နဲ့ အသက် ၃၅ ဝန်းကျင်ရှိ ဆေးခန်းအကူ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

” ရွာကလည်းကြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပစ်ထည့်တာ။ ဆေးခန်းဘက်ကျတာမှာတော့ ဆေးဝန်ထမ်း ၃ ဦးသေတယ်။ ကျေးရွာလမ်းပိုင်းပေါ်ကျတာမှာတော့ ရွာသား ၂ ဦးသေပြီးထိခိုက်တာရှိတယ်။ ဆေးခန်းပေါ်ကျတာက ဂျိုင်ရိုကော်ပတာကကြဲတဲ့ဗုံး၊ လမ်းဆုံမှာကျတာက လက်နက်ကြီးတွေ” လို့ ကျောက်ကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာပဲ ထန်းတပင်အခြေစိုက် ခလရ ၇၃ နဲ့ မုန်းအခြေစိုက် စစ်ကော်မရှင်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းဒိုက်ပုံလမ်းဆုံကို ကျရောက်ပေါက်ကွဲခဲ့ကာ ရွာခံတွေဖြစ်တဲ့ အသက် ၃၃ နှစ် ကိုသူရိန်စိုး၊ အသက် ၇၀ ဦးစိုးကြီးတို့သေဆုံးပြီး အသက် ၄၂ နှစ် မခိုင်ဇင်ဦး၊ အသက် ၆၅ နှစ် ဒေါ်ခလေးမ၊ အသက် ၂၀ ကျော် မောင်ဟိန်းသူအောင် အပါ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကျေးရွာဆေးပေးခန်းတလုံးအပါအဝင် နေအိမ်အချို့လည်းပျက်စီးမှုရှိပြီး ပျက်စီးမှုစာရင်းကိုတောစိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ရေလဲကျေးရွာထဲကို စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ဗုံးချလို့ ရွာသား ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။