12 July 2026 11:20 AM

မြန်မာအခြေအနေတွေတိုးတက်လာတယ်ဆိုတဲ့ အမေရိကန်ရဲ့ပြောဆိုမှုဟာ အပြုသဘောဆောင်ပြီး အမေရိကန်ရောက်မြန်မာတွေ ပြန်လာမဲပေးကြဖို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

0 12
0 12

မြေလတ်အသံ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅။

မြန်မာနိုင်ငံသားတွေအပေါ် အမေရိကန်အစိုးရကပေးထားတဲ့ ယာယီခိုလှုံခွင့် TPS( Temporary Prote cted Status)ကနေ ရပ်ဆိုင်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေတိုးတက်လာတာကြောင့်ဆိုတဲ့ ပြောဆိုထုတ်ပြန်မှုဟာ အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်လို့ မှတ်ယူတယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုလိုက်ပါတယ်။

TPS အခွင့်အရေးရထားတဲ့မြန်မာတွေကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်အပေါ် နိုဝင်ဘာ ၂၅ ရက်မနေ့ညပိုင်းမှာ စစ်ကော်မရှင်ပြောခွင့်ရသူက အခုလိုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

” ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ TPS ရပ်ဆိုင်းရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ ဒီထဲမှာ မြန်မာအစိုးရ အနေနဲ့အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင် ရွက်နိုင်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနဲ့တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ပြီဖြစ်ကြောင်း သုံးသပ်ပြီးရပ်ဆိုင်းခဲ့တာဆိုတာကို သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်” လို့ ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာစီစဥ်နေတဲ့ ရွေးကောက်ပွဲတွေဟာ တိုးတက်လာတဲ့အခြေအနေအထောက်အထားတွေဖြစ်ကြောင်း ပြောဆိုထားပြီး ဒီအခြေအနေတွေကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေရရှိထားတဲ့ TPS ကို ရပ်ဆိုင်းလိုက်ကာ အဲ့ဒီရပ်ဆိုင်းမှုဟာ ၂၀၂၆ ဇန်နဝါရီ ၂၆ မှာ စတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေတွေကြောင့် အမေရိကန်နိုင်ငံအတွင်း TPS ဖြင့် နေထိုင်ခွင့်ပြုထားသူ ၄,၀၀၀ ဦးဝန်းကျင်အထိရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး မဲပေးကြဖို့လည်း စစ်ကော်မရှင်ပြောခွင့်ရသူက ထည့်သွင်းပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။