ညောင်လေးပင်-မဒေါက်လမ်းပိုင်းက တံတား ၁ စင်း မိုင်းခွဲခံရလို့ ပျက်စီး

0 1
0 1

ညောင်လေးပင်၊ ‌မေ ၁၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အင်ဝိုင်းကျေးရွာအနီးရှိ ညောင်လေးပင်-မဒေါက်သွားလမ်းက ရေကြည်ချောင်းတံတား မိုင်းဖောက်ခွဲခံရပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁ ရက် ဒီကနေ့မနက်အစော ၁ နာရီဝန်းကျင်မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် တံတားပြိုကျပျက်စီးခဲ့ကာ အသုံးပြုလို့မရတော့ဘူးလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“အဲဒီတံတားက လမ်းသွားလမ်းလာတွေ အသုံးပြုများတဲ့တံတားလို့ ပြောရမှာပေါ့။ လမ်းမကြီးပေါ်က တံတားပါ။ တံတားကတော့ ပေ ၁၂၀ ကျော်တယ်။ ခုတံတားမိုင်းခွဲခံရတော့ လောလောဆယ် သွားမရတော့ဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းပိုင်းဟာ ညောင်လေးပင်မြို့နယ်ကနေ ရွှေကျင်မြို့နယ်အထိ ရောက်ရှိတာဖြစ်ပြီး စစ်ကောင်စီဘက်ရော တော်လှန်ရေးအင်အားစုတွေကပါ စစ်ရေးအရအသုံးပြုနေတဲ့ လမ်းပိုင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားမိုင်းခွဲခံရလို့ အလျားပေ ၆၀ လောက် ပြိုကျပျက်စီးသွားပြီး အဲ့ဒီတံတားမိုင်းခွဲတာကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဇန်နဝါရီလ ၁၀ ရက်က ညောင်လေးပင်မြို့နယ်၊ ခင်ကန့်လန့်ရွာနဲ့ ကညင်ကျိုးရွာကြားက တံတား ၂ စင်းနဲ့ ဖေဖော်ဝါရီလ ၉ ရက်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တောင်ဘို့သုံးလုံးတံတားလည်း မိုင်းဖောက်ခွဲခံရလို့ ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။