ရေပန့်ပြင်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ ရဲ ၁ ဦး လမ်းမှာပစ်သတ်ခံရ

0 2
0 2

မြိုင်၊ ဧပြီ ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမနယ်မြေရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ဦးကို ဧပြီလ ၂၈ ရက် မနေ့မနက် ၁၀ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပခုက္ကူပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ချင်းလေး ဆိုသူဖြစ်ပြီး ကိုင်းတောမနယ်မြေရဲစခန်းကနေ ရေပန့်ပြင်ဖို့ ဆိုင်ကယ်နဲ့ထွက်ခွာလာစဉ် ကမ္မ-မြိုင် လမ်းဆုံအနီးမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

“သတင်းကြိုရလို့ ကျနော်တို့အဖွဲ့ကစောင့်နေတာ။ ဆိုင်ကယ်နဲ့တယောက်တည်းလာတာ။ လမ်းဆုံးနားအရောက်မှာ ပစ်ခတ်ကျတာ၊ ခန္ဓာကိုယ်ရဲ့ရင်ဘတ်ကိုပစ်ခဲ့တာ၊ ပွဲချင်းပြီးသေတာပဲ” လို့ပြောပါတယ်။

ပစ်သတ်ခံရတဲ့ရဲတပ်သားဆီကနေ လက်နက်နဲ့တခြားပစ္စည်းတွေ သိမ်းဆည်းရမိတာမရှိဘဲ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် သူ့ရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၄ ရက်မနက်ပိုင်းကလည်း မြိုင်မြို့မရဲစခန်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ရဲစခန်းနဲ့အနီးဆုံးနေရာအထိ သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။