စစ်တပ်နဲ့အပစ်ရပ်သဘောတူပြီး မိုးကုတ်ကနေ TNLA ပြန်ဆုတ်မည်

0 20
0 20

မိုးကုတ်၊ အောက်တိုဘာ ၂၉၊ ၂၀၂၅။

စစ်ကော်မရှင်တပ်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PDF/TNLA)တို့ အပစ်ခတ်ရပ်စဲရေး သဘောတူကာ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ TNLA တပ်တွေ ပြန်ဆုတ်ပေးသွားမယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက် ဒီကနေ့မှာထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်တို့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်စေ့‌‌စပ်မှုနဲ့ စစ်တပ်နဲ့ TNLA တပ်တို့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ပြီးနောက်မှာ ခုလိုထုတ်ပြန်လာခဲ့တာပါ။

ဆွေးနွေးပွဲမှာ စစ်တပ်က တအာင်းဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှာမဟုတ်ကြောင်း သဘောတူခဲ့ပြီး TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့က ဆုတ်ခွာပေးမယ်လို့ သဘောတူထားကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

TNLA နဲ့ တော်လှန်ရေးတပ်တွေတွေသိမ်းယူထားတဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့ကို စစ်တပ်ဆီ ပြန်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိနေချိန် ယခုလိုသဘောတူညီချက်ထွက်ခဲ့တာပါ။

မိုးကုတ်မြို့မှာတော့ TNLA တပ်အပြင် မိုးကုတ်ဗျူဟာ (PDF)‌‌‌‌‌‌‌ တပ်တွေလည်း အထိုင်ချထားပြီး စစ်တပ်က သပိတ်ကျင်းနဲ့ ပြင်ဦးလွင်မြို့နယ်ဘက်ခြမ်းကနေ ထိုးစစ်ဆင်နေခဲ့တာပါ။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။