ပဇီကြီးရွာအတွက် သွေးကြွေးတောင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်လို့ သေဆုံးမှုများနိုင်

0 1
0 1

မုံရွာ၊ ဧပြီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်၊ ဇလုပ်အဝိုင်းပတ်အနီးက စီးပွားရေးတက္ကသိုလ်ထဲမှာ အင်အား ၁၀၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်တယ် လို့သိရပါတယ်။

ဧပြီလ ၁၄ ရက် မနေ့ည ၁၀ နာရီကျော်လောက်က စစ်ကောင်စီတပ်ရှိရာတက္ကသိုလ်ဝန်းထဲကို ပဇီကြီးရွာဖြစ်စဉ်အတွက် သွေးကြွေးပြန်ယူတဲ့အနေနဲ့ လက်နက်ကြီး၊ရှော့တိုက်ဒုံး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ၆၀ မမတွေ၊ စက်လက်တွေနဲ့ ၅ မိနစ်ကျော်လောက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဝေဟင်ပစ်မရဘူး၊ ဂျန်ဘာတွေရှိတယ်ဆိုလို့ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခဲ့တာ။ သေဆုံးမှုက များနိုင်တယ်ဗျ၊ ပထမဆုံး ၆၀ မမ တလုံးက ‌ကင်းစောင့်တဲ့ ကင်းတဲထဲကိုကျတယ်။ နောက်ထပ်က သူတို့အိပ်တဲ့နေရာနားကို ၆ လုံးဆက်တိုက်ကျတယ်၊ အဲ့တာကြောင့် သေဆုံးကတော့များနိုင်ပါတယ်” လို့ Snipe Rangers Force တပ်ဖွဲ့တာဝန်ခံ ရဲဘော်ဆလိုင်းက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရတပ်သားတွေကို လူနာတင်ကားနဲ့ မုံရွာမြို့ထဲကို ခေါ်သွားတယ်လို့လတ်တလောသိထားရပြီး သေဆုံးအရေအတွက် ထပ်တိုးနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို Snipe Rangers Force (S.R.S.F)တပ်ဖွဲ့၊ နွေဦးရဲဘော် တပ်ဖွဲ့၊ Peacock King တပ်ဖွဲ့၊ Black Dragon P.D.F ပျောက်ကျားတပ်ဖွဲ့၊ မုံရွှာ အမှတ် (၁) တပ်ရင်း ခွဲ ၄၊ မုံရွာခရိုင် ရင်း ၂၇ ခွဲ ၂၊ God Of Snike စတဲ့အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအတွက် သွေးကြွေးပြန်တောင်းမယ့် မစ်ရှင်တွေက ဆက်တိုက်ရှိနေမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုတွေနဲ့အနည်းဆုံး တမိုင်ခန့်အကွာအဝေးမှာ နေကြဖို့လည်း သတိပေး ပြောဆိုထားပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။