ဗုံးခွဲခံရတဲ့ ပေါင်းတည်မြို့ သင်္ကြန်မဏ္ဍပ်ကို လမ်းပိတ်ပြီး လုံခြုံရေးတင်းကျပ်စွာဖြင့် ဖွင့်ပွဲလုပ်

0 1
0 1

ပေါင်းတည်၊ ဧပြီ ၁၃၊ ၂၀၂၃။

ပြီးခဲ့တဲ့ရက်က ဆောက်လုပ်ဆဲကာလမှာ ဗုံးခွဲခံထားရတဲ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့ သင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက် ဒီညနေ ၃ နာရီမှာ လမ်းတွေပိတ်ကာ လုံခြုံရေးတင်းကျပ်စွာချထားပြီး သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့စျေး ၂ ရပ်ကွက်၊ ဘုရားကြီးလမ်းက သင်္ကြန်မဏ္ဍပ်မှာ ဧပြီလ ၉ ရက် မနက်ကဗုံးကွဲပြီးတဲ့နောက် ညနေပိုင်းကစတင်ကာ လမ်းထိပ်နှစ်ဘက်ကို ဘယ်ရီဂိတ်အပြည့်ချ လမ်းပိတ်ထားခဲ့တာဖြစ်ပါတယ်။

“လမ်းကဘယ်ရီဂိတ်တွေချထားတုန်းပဲ။ တခုပဲဖွင့်ပေးတာ၊ မဏ္ဍပ်ကိုသွားချင်ရင် ဘယ်ရီဂိတ်ကနေခြေလျင် သွားရတယ်။ ဆိုင်ကယ် စက်ဘီးမဝင်ရဘူး။ မဏ္ဍပ်မှာက ဘောမတွေပဲသွားတယ်။ သူတို့ကြည့်ရတာကြောက် နေပုံရတယ်။ လမ်းပေါ် ကလေးပဲရေကစားတာ။ တမြို့လုံး ဘယ်နေရာမှ ရေကစားမဏ္ဍပ် မရှိဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

မဏ္ဍပ်ကုန်ကျစရိတ်အတွက် ထွေအုပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လောင်းကစားသမားတွေ၊ ကျွန်းသစ်ခိုးထုတ်သူတွေ၊ NonCDMတွေနဲ့ လုပ်ငန်းရှင်တွေထံ အတင်းအဓမ္မမဲလက်မှတ်ရောင်းပြီး ရံပုံငွေရှာထားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ရပ်ကွက်အလိုက်အုပ်ချုပ်ရေးမှူးတွေကို သင်္ကြန်ယိမ်းမဖြစ်မနေထည့်သွင်းခိုင်းတဲ့အတွက် မြို့ပေါ်ရပ်ကွက်တခုမှာ ယိမ်းသမတဦးကို ကျပ် ၅ သောင်းပေးကာခေါ်ယူရတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မဏ္ဍပ်ကို ရေကစားလာသူနည်းတဲ့အတွက် မဏ္ဍပ်တာဝန်ရှိသူတွေက လာရောက်ရေကစားသူတွေကို အရက်တိုက်ကာ ဆွဲဆောင်တာတွေလည်းလုပ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၁၆ ရက် သင်္ကြန်နောက်ဆုံးရက် အတက်နေ့မှာ ပေါင်းတည်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေကစားသူအမျိုးသမီးတဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။