စစ်အုပ်စုကင်းစောင့်ပေးတဲ့လောင်းကစားဝိုင်း ဗုံးကွဲလို့ ပျူစောထီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဧပြီ ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ် သင်ကန်းကုန်းရွာနဲ့ မြောက်ပန်းဆွဲရွာအကြား ပျူစောထီးတွေ ဦးဆောင်လုပ်နေတဲ့ လောင်းကစားဝိုင်းကို ဧပြီ ၁၂ ရက် မနေ့ညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ဒီမနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က လုံခြုံရေးယူပေးပြီးလုပ်တဲ့ အဲ့ဒီလောင်းကစားဝိုင်းကို ထိုးသားပြန်တဲ့အချိန်ထိ စောင့်ဆိုင်းကာ ည ၁၀ နာရီခွဲဝန်းကျင်မှာ အ‌ဝေးထိန်းရှေ့ထွက်မိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောပါတယ်။

“စစ်ကောင်စီက လောင်းကစားဝိုင်းတွေနဲ့ ကျနော်တို့ပြည်သူတွေ နစ်မွန်းသထက် နစ်မွန်းအောင် ဒုက္ခပေးနေတယ်။ တော်လှန်ရေးမှာ အများပြည်သူတွေ မပါဝင်နိုင်အောင်အကြွေးဒုက္ခတွေနဲ့ လည်နေအောင် ဖျက်ဆီးနေတာ။ ထိုးသားပြည်သူတွေ ပြန်တဲ့အချိန်မှ ဦးဆောင်လုပ်တဲ့ပျူတွေကို မိုင်းဆွဲတိုက်ခိုက်တာပါ” လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လောင်းကစားဝိုင်းကင်းစောင့်ပေးနေတဲ့ ပျူစောထီး ကျော်လင်း(ခ) ကတုံး ဆို သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သာယာဝတီဆေးရုံကိုပို့ဆောင်ကုသနေရတယ်လို့ သူက ဆက်ပြောပါ တယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့အနေနဲ့ လက်ပံတန်း၊ သာယာဝတီ တကြိမ်၊ သုံးဆယ်မြိုတွေမှာ လောင်းကစားဝိုင်းတွေကို ၄ ကြိမ်ထက်မနည်း အသံဗုံးခွဲ သတိပေးခဲ့ပေမယ့် မလိုက်နာဘဲ ဆက်လုပ်နေလို့ အခုလို မိုင်းခွဲတိုက်ခိုက်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဧပြီလ ၁၃ ရက် မနက်အစောပိုင်းမှာလည်း လက်ပံတန်းမြို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်နဲ့ မြို့မ ရဲစခန်းအနောက်ဘက်ဂိတ်တွေကိုလည်း ရွှေတန်းမြေ PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။