၃ ရက်အတွင်း ကန့်ဘလူခရိုင်က နေအိမ် ၁၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွား

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ကျေးရွာအချို့က နေအိမ် ၁၇၄ လုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ၃ ရက်အတွင်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ် လျှော်ဖြူကုန်းရွာက နေအိမ်အလုံး ၆၀ ကို ကိုးတောင်ဘို့အထိုင် ခြေလျင်တပ်ရင်း-၁၃၇က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဧပြီလ ၂ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့သလို အဲဒီရက်မှာပဲ နောက်ထပ်စစ်ကြောင်းတကြောင်းက ထန်းကုန်းတိုက်နယ် ဉာဏ်အင်းရွာက အိမ်ခြေ အလုံး ၄၀ ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် လျှော်ဖြူကုန်းရွာနဲ့ ဉာဏ်အင်းရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၃ ရက်နေ့မှာတော့ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာထဲကို ဝင်ရောက်ခဲ့ပြီး နေအိမ် ၇၀ နီးပါးကို မီးရှို့သွားတဲ့အပြင် စိတ်ဝေဒနာရှင်တဦးဖြစ်တဲ့ အသက် (၃၅)နှစ်အရွယ် ကိုဝလီကို ပစ်ခတ်သတ်ဖြတ်သွားတဲ့အပြင် အသက် (၆၅)နှစ်အရွယ် ဦးဌေးမောင်ကိုလည်း လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်သွားခဲ့ပါသေးတယ်။

“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်” လို့ အင်းလယ်ကြီးရွာ ဒေသခံတဦးက ပြောပါတယ်။

ကန့်ဘလူခရိုင်ထဲက မီးရှို့ခံရတဲ့ အဆိုပါကျေးရွာသုံးရွာထဲမှ လျှော်ဖြူကုန်းရွာဟာ အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီးဖြစ်တယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။