ဘုတလင်က စစ်ဘေး၊ မီးဘေးသင့်အိမ်ထောင်စု ၇၀ ကို အခြေခံစားကုန်ထောက်ပံ့

0 6
0 6

ဘုတလင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရွာ ၅ ရွာက စစ်ဘေး၊ မီးဘေးသင့်ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဒေါင်းရာဇာပင်မသပိတ်လူမှုကူညီရေးအသင်း ဘုတလင်မြို့နယ်ဆီက သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းရဲ့မီးရှို့ခံထားရတဲ့ ရွှေတောင်၊ ပေါက်စိန်ပေါက်၊ ကံသာ၊ ထူးကြီး၊ ဇီးတောရွာတွေက အိမ်ထောင်စု ၇၀ အတွက် စက်တင်ဘာ ၁၃ ရက်မှာ ၁ အိမ်ထောင်ကို ကျပ် ၃၅,၀၀၀ ဖိုး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ ကျေးရွာတွေအထိသွားရောက် ထောက်ပံ့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

” စစ်ကြောင်းဘယ်နေ့လာမှာလည်းဆိုပြီး ပြည်သူတွေအနေနဲ့တော့ ခေါင်းပြားအောင်မအိပ်ရပါဘူး၊ စိတ်ဒုက္ခတွေလည်း ရောက်ကြရတယ်၊ နောက်ပြီး ရာသီဥတုအခြေအနေကလည်း နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ ဖျားကြနာကြတယ်။ အဲ့လိုအခက်အခဲတွေတော့ ရှိပါတယ်” လို့ ဒေါင်းရာဇာပင်မသပိတ်လူမှုကူညီရေးအသင်း – ဘုတလင်အဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

အထက်ပါကျေးရွာတွေကအိမ်ထောင်စုတွေဟာ ၂၀၂၄ စက်တင်ဘာလမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နေအိမ်တွေဆုံးရှုံးခဲ့ရတဲ့ စစ်ဘေး၊ မီးဘေးသင့်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေရဲ့ မကြာခဏစစ်ကြောင်းထိုးဝင်ရောက်မှု မီးရှို့မှုတွေကြောင့် ဒေသခံတွေမှာ အရေးပေါ်စစ်ရှောင်နေရကာ အလုပ်မလုပ်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။