ရွှေဘိုမှာ စစ်ကောင်စီတပ်နဲ့ PDF တို့တိုက်ပွဲဖြစ်လို့ စစ်သား ၂ ဦးသေဆုံး

0 6
0 6

စစ်ကိုင်း၊ မတ် ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ XForce -LPDF -ShweBo သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ မိုးကာအစိမ်းအုပ်ထားတဲ့ ၁၂ ဘီးကား ၂ စီးနဲ့ ရွှေဘိုမြို့နယ်ဘက်ကနေ ကျောက်မြောင်းမြို့နယ်ဘက်ကို ဝင်လာတဲ့အချိန် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက မတ်လ ၁၈ ရက် ဒီနေ့နေ့လယ်၂ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ XForce – LPDF – ShweBo မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုရဲမာန် က ပြောပါတယ်။

မိုင်းဆွဲပြီးနောက်ပိုင်းမှာ အဲ့ဒီကား၂ စီးလာမဲ့လမ်းကို ကင်းပုန်းစောင့်ပေးတဲ့ ရွှေဘို ခမရ ၁၁ တပ်ရင်းက စစ်သား ၄၅ ယောက်ဝန်းကျင်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကင်းပုန်းဝပ်ပြန်လာတဲ့ စစ်ကောင်စီတွေကို သိန်းသန်းအောင်ဆီဆိုင်အနောက်ဘက် တံတားနားမှာ ကျနော်တို့ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း RPG တလုံး၊ ၆၀ မမ ၃လုံးနဲ့ ပြန်ပစ်တယ်။ သူတို့ဘက်က နှစ်ယောက်လဲကျသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Burma Rangers ၊ X Force-LPDF-ShweBo ၊ Who am l.၊ ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင်ဝက်လက်တပ်ရင်း ၁၅၊ ရွှေဘိုဓူဝံအဖွဲ့ က အင်အား ၃၀ ကျော်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။